HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီကို အမေရိကန်က ဝင်တိုက်မယ်ဆိုတဲ့ သတင်းအမှား

အမေရိကားမှာရှိတဲ့ စစ်ကောင်စီနဲ့ ဆက်စပ်သူတွေကို FBI ကခေါ်ယူစစ်ဆေးနေတဲ့အပြင် မြန်မာကို စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေယခုရက်ပိုင်းအတွင်းပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 27 Feb 2022 2:03 AM GMT

ဒီသတင်းကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး "အမေရိကားမှာ ရောက်ရှိနေထိုင်နေတဲ့ မြန်မာစစ်တပ်နဲ့ ဆက်စပ်သူတွေကို FBI ကခေါ်ပြီးစစ်ဆေးကာ ဘဏ်ငွေစာရင်းတွေကို ထိန်းချုပ်ထားလိုက်ပြီဖြစ်ကြောင်း၊ အမေရိကန်လေယာဉ်တင် သင်္ဘောအုပ်စုတွေ အပါအဝင် ပြင်သစ်ရေငုတ်သင်္ဘောနဲ့ ဗြိတိသျှလေယာဉ်တင် သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်မှာ တိုက်ပွဲဝင်ဖို့ အသင့်အနေအထားနဲ့ ရှိနေကြောင်း၊ တရုတ်ကို စစ်ဆိုင်ထားပြီး အမေရိကန်အမျိုးသားအကျိုးစီးပွါးခြိမ်းခြောက်သူ အဖြစ် မြန်မာပြည်စစ်ကောင်စီကို စစ်ရေးအရဝင်ရောက်တိုက်ခိုက်ဖို့ ပြင်ဆင်နေကြောင်း" တွေ ရေးသားထားတာပါ။

ဖြန့်ဝေမှုတွေိကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာကို စစ်တပ် အာဏာသိမ်းကာစ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကတည်းကဝေမျှဖူးခဲ့ပြီး Melvin Moe ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူ ၇ ထောင်နီးပါးလည်း ရှိခဲ့ပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


စစ်တပ်အာဏာသိမ်းတာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပေမယ့် ထိုစဉ်က သူပြောဆိုခဲ့သလို အမေရိကန်စစ်တပ်က မြန်မာပြည် စစ်ကောင်စီကို စစ်ရေးအရဝင် ရောက်တိုက်ခိုက်တာ၊ တိုက်ခိုက်ဖို့ ပြင်ဆင်တာတွေ တစ်ခုမှ မရှိခဲ့ပါဘူး။ ယခင်ဖြန့်ဝေဖူးတဲ့ စာသားတွေကို ကူးယူပြီး ပြန်လည်ဖြန့်ဝေနေခြင်းသာ ဖြစ်ပါတယ်။

Related Stories