HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အမေရိကန်စစ်သည်တွေ မြန်မာနိုင်ငံကို ရောက်လာပြီလို့ ဖြန့်ဝေနေတဲ့ သတင်းအမှား

လေယာဉ်ပေါ်က လေထီးခုန်ချနေတဲ့ စစ်သားတွေပုံကိုသုံးပြီး ပဲခူးတိုင်းတနေရာကို လေကြောင်းချီလာတဲ့ အမေရိကန်စစ်သည်တွေအဖြစ် လူမှုကွန်ရက်ပေါ်မှာရေးသားဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar | 11 Aug 2021 11:32 AM GMT

ဒီလိုဖြန့်ဝေမှုကို သြဂုတ်လ ၉ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး "မြန်မာနိုင်ငံ ပဲခူးတိုင်းတနေရာ လေကြောင်းချီလာတဲ့ မေရိကန် စစ်သည်များ" လို့ ရေးသားကာ စစ်သားအများအပြား လေယာဉ်ပေါ်က လေထီးနဲ့ ခုန်ချနေပုံတွေအပြင် လယ်ကွင်းထဲက အနေအထားအမျိုးမျိုးနဲ့ စစ်သားအသွင်နဲ့ လူတစ်ဦးရဲ့ပုံကို အသုံးပြုထားပြီး ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။ သတင်းအရေးအသားနဲ့ ပုံတွေကို ကြည့်ရုံနဲ့ သတင်းအမှားဆိုတာ လူအများစုသိနိုင်တာ ဖြစ်ပေမယ့် ထပ်ဆင့်ဖြန့်ဝေသူတွေထဲမှာ အမှန်တကယ်လို့ယုံမှတ်မှားမှုတွေရှိနေတဲ့အတွက်  BOOM က ထပ်မံ အတည်ပြုပေးထားပါတယ်။

သတင်းဆန်းစစ်ချက်

အခုဖြန့်ဝေနေတဲ့ ပုံတွေဟာ "Garuda Shield" လို့ ခေါ်တဲ့ အမေရိကန်နဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံက လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ရိုက်ကူးထားတဲ့ ပုံတွေပဲဖြစ်ပါတယ်။ ဒီပုံတွေကို အမေရိကန်စစ်တပ်နဲ့ အင်ဒိုနီးရှားနိုင်ငံအစိုးရနဲ့ သက်ဆိုင်တဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာလည်း ဖော်ပြထားပါတယ်။


ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သြဂုတ်လ ၁ ရက်နေ့ကနေ ၁၄ ရက်အထိ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်နေတဲ့ Garuda Shield ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အဖွဲ့ဝင် ၃၀၀၀ ကျော်ပါဝင်ပြီး အမေရိကန်နဲ့ အင်ဒိုနီးရှားနှစ်နိုင်ငံကြား အကြီးမားဆုံးသော ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။ ရိုက်တာသတင်းမှာ ဖော်ပြထားမှုကို ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories