HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

KIA တပ်ရင်း ၁၁ ကို စစ်ကောင်စီတပ်တွေက သိမ်းတယ်ဆိုတဲ့သတင်းအမှား

ပုံဟောင်းတွေ အသုံးပြုပြီး နမ်တီးနယ်ထဲက KIA တပ်ရင်း ၁၁ ကို စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတစ်ခုက သိမ်းပိုက်တယ်ဆိုတဲ့အကြောင်းအအရာတွေလူမှုကွန်ရက်ပေါ်မှာပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 27 Oct 2021 9:10 AM GMT

ဖြန့်ဝေမှုတွေကို စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ ဂရုတွေမှာ အောက်တိုဘာလ ၂၂ ရက်နေ့မှာ စတင်နေတာ ဖြစ်ပါတယ်။ ရေးသားထားရာမှာ "သတင်းအမှန်မဟုတ်ဘူးဆိုတဲ့ နီပိတ်တွေ ကြည့်၊ နမ်တီးဂွင်ထဲက kia ရင်း၁၁ ကို တပ်မ စကခ ( ၇ ) လက်အောက်ခံ နဗဟ ၃ရင်းက 20-4-2018 ရက် ညနေမှာ အေါင်မြင်စွာ သိမ်းပိုက်လိုက်ပါပြီ၊ မိခင်တပ်က လက်နက်၅၉လက် ရရှိပါတယ်။ ဆက်လက်ရှာနေတုန်း ယခု စာရေးချိန်ထိ အလောင်းကတော့မပြောတော့ပါဘူး။ ကျန် ၂ရင်းကလဲ လက်နက် ၉၀ကျော်ရပါတယ်။ စုစုပေါင်း၁၅၀ကျော်သွားပါပြီ။ ဆက်လက်ရှာဖွေနေတုန်းပါပဲ" လို့ ရေးသား ဖြန့်ဝေထားတာပါ။

ဖြန့်ဝေရာမှာ "ဆက်လက်ရှာဖွေနေဆဲ့ ယခုစာရေးချိန်ထိ" လို့ ရေးသားထားပေမယ့် ရက်စွဲ (20-4-2018) ဆိုပြီးလည်း ရေးသားထားပါသေးတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေမှုမှာပါတဲ့ ဓါတ်ပုံတွေကို ရှာဖွေကြည့်ရာမှာ အစောဆုံးအနေနဲ့ ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်နေ့က TAI NUWE ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ တင်ထားတဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။ ဒီဖြဟ်စဉ်ဟာ KIA တပ်ရင်း ၁၁ နဲ့ မြန်မာစစ်တပ် ဖြစ်တဲ့ တိုက်ပွဲလည်း မဟုတ်သလို ၂၀၁၈ ခုနှစ် ဧပြီ ၄ ရက်နေ့မှာ ဖြစ်ခဲ့တာလည်း မဟုတ်ပါဘူး။

ပုံထဲကလက်နက်တွေ သိမ်းဆည်းမိတဲ့ တိုက်ပွဲဟာ ကွတ်ခိုင်မြို့နယ် လွယ်ခွမ်ကျေးရွာနှင့် ဟိုမောကျေးရွာကြားမှာ ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TLNA နဲ့ မြန်မာစစ်တပ် တို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်ပါတယ်။

TLNA နဲ့ မြန်မာစစ်တပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအကြောင်းကို သတင်းမီဒီယာတွေမှာလည်း ဖော်ပြခဲ့ပါတယ်။


ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories