HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ပြည်သူတွေက ရဲတွေကို ပြန်ပစ်ခတ်တယ်ဆိုတဲ့ ဝါဒဖြန့် သတင်းအမှား

ဝါဒဖြန့်သတင်းအမှားတွေ တင်ထားတဲ့ Page တစ်ခုက ပြည်သူတွေက ရဲတွေကို ပြန်လည်ပစ်ခတ်တယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖြန့်ထားပါတယ်။

By - Boom Live Myanmar | 11 March 2021 4:24 AM GMT

ဝါဒဖြန့်သတင်းအမှားတွေ တင်ထားတဲ့ Page တစ်ခုက ပြည်သူတွေက ရဲတွေကို ပြန်လည်ပစ်ခတ်တယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖြန့်ထားပါတယ်။

အဆိုပါ Page ရဲ့ နာမည်ဟာ ZeeKwat လို့ ပေးထားပြီး စစ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို တိုက်ခိုက် ဝါဒဖြန့်တဲ့ သတင်းအမှားတွေ ဆက်တိုက် တင်နေပါတယ်။ အဲ့ဒီ Page မှာ မတ်လ ၅ ရက်နေ့ ည ၈ နာရီမှာ ဆန္ဒပြပွဲထဲက Video တစ်ပုဒ်ကို တင်ထားပြီး "စမ်းချောင်းမှာ ပြည်သူကနေ ရဲတပ်ဖွဲ့ကိုပြန်ပြစ်နေသောVideoဖိုင်" ဆိုတဲ့ စာကိုတင်ထားပါတယ်။ အဲ့ဒီ Video ရဲ့ အတွင်းမှာတော့ ရဲ နဲ့ စစ်သားတွေက မျက်ရည်ယိုဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်နေပြီး ဆန္ဒပြသူတွေက ထိခိုက်မှု မရှိအောင် တိမ်းရှောင်ရင်း "တပ်ပျက်နေပြီဟေ့ ..တပ်ပျက်နေပြီဟေ့" လို့ ပြန်အော်ဟစ်ပြီး ပြေးလွှားနေကြပါတယ်။

မူရင်း Video ကို ဒီမှာ ကြည့်ပါ။

အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်ကို Like လုပ်ထားသူ ၆၀၀၀ ကျော်နဲ့ Comment ရေးသားသူ ၈၀၀ ကျော်ရှိကာ ထပ်ဆင့်ဝေမျှထားသူ ၂၄၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

Zeekwat ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ ဆန္ဒပြသူတွေက ရဲတွေကို ပစ်ခတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

စမ်းချောင်း ပဒုမ္မာလမ်းမှာ ဆန္ဒပြကြတဲ့ လူငယ်တွေဟာ စစ်သားနဲ့ ရဲတွေ ပစ်ခတ်တဲ့ မျက်ရည်ယိုဗုံးတွေကို ကောက်ယူပြီး ၎င်းတို့ဆီကို ပြန်ပစ်ကြပါတယ်။ ဆန္ဒပြသူတွေ ဖြိုခွင်း မခံရအောင် အကာအကွယ်ဒိုင်းတွေပြုလုပ်ပြီး ရဲ နဲ့ စစ်သားတွေကို တက်လာရင် ၎င်းတို့ကို အဟန့်အတားဖြစ်အောင် မီးသတ်ဆေးဘူးဖြန်းတာတွေ၊ သီတင်းကျွတ်မှာ ပစ်ဖောက်တဲ့ မီးပန်းတွေနဲ့ ပြန်လည်ခြောက်လှန့်တာတွေ၊ ထဘီတန်းတွေနဲ့ အတားအဆီးတွေ ပြုလုပ်လေ့ရှိပါတယ်။

အခု Video ထဲမှာလည်း ဆန္ဒပြ လူငယ်တစ်ယောက်က စစ်သားတွေရှိရာကို မီးပန်း လှမ်းဖောက်တဲ့ လိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီ ပွဲတော်တွေမှာ ဖောက်တဲ့ မီးပန်းနဲ့ လှမ်းပစ်ရင် ရှေ့တက်လာတဲ့ စစ်သားတွေက ရုတ်တရက် ရပ်တန့်သွားလေ့ရှိပါတယ်။ အဲ့ဒီအချိန်မှသာ ဆန္ဒပြ ပြည်သူတွေက အထိအခိုက်မရှိအောင် တိမ်းရှောင်နိုင်ကြတာ ဖြစ်ပါတယ်။


ဆန္ဒပြပြည်သူတွေ မီးပန်းနဲ့ လှမ်းပစ်တဲ့ ဓါတ်ပုံတွေဟာလည်း လူမှုကွန်ယက်ပေါ်မှာ များစွာတင်ထားကြပြီးသား ဖြစ်ပါတယ်။ ဒီ သတင်းအမှားဟာ ၎င်းတို့ရဲ့ အကြမ်းဖက်မှုကို ဖုံးကွယ်ဖို့ တန်ပြန်ဝါဒဖြန့်တဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။

 


Related Stories