HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မမြသွဲ့သွဲ့ခိုင် ကျဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ပြန်လည်ဖြန့်ဝေလာတဲ့ သတင်းအမှား

နေပြည်တော်မှာ ကျည်ဆံထိမှန်ပြီး ကျဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး ဝါဒဖြန့် သတင်းအမှားတွေ ပြန်လည် ထွက်ပေါ်လာပါတယ်။

By - Boom Live Myanmar | 11 March 2021 4:33 AM GMT

အဲ့ဒီ သတင်းအမှားကို အေးချမ်းသူ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က မတ်လ ၄ ရက် နေ့ခင်း ၂ နာရီ ၄ မိနစ်မှာ ဖြန့်ဝေခဲ့တာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားထဲမှာ "နေပြည်တော် မြသွဲ့သွဲ့ခိုင်အား လုပ်ကြံသူ မိပြီ အနီတွေကို ပြောပြချင်ပါတယ်။ အစိမ်း ကြောင့် အနီ ဒုက္ခ မရောက်ပါဘူး။ တပ်မတော်ထောက်ခံသူ တွေကြောင့် အနီဒုက္ခ မရောက်ပါဘူး။ အနီတွေကို ဒုက္ခပေးနေ သူသည် အနီ အချင်းချင်းပင် ဖြစ်သည်" လို့ (သတ်ပုံမူရင်းအတိုင်း) ရေးသားထားပြီး အမည်မသိ အမျိုးသားတစ်ဦးရဲ့ ဓါတ်ပုံတွေကို တင်ထားပါတယ်။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၁၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၇၀၀ နီးပါး ရှိနေပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီမှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

နေပြည်တော်မှာ သေနတ်ထိမှန် ကျဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ကို ပတ်ခတ်မှုမှာ ရဲတပ်ဖွဲ့က ပစ်တာ မဟုတ်ဘဲ ဆန္ဒပြ ပြည်သူတစ်ဦးက ပစ်တာ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ၎င်းတို့ရဲ့ လူသတ်ခဲ့တဲ့ အပြစ်ကို ဖုံးကွယ်ဖို့ ဝါဒဖြန့်ထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

မမြသွဲ့သွဲ့ခိုင်ကို ရဲက ပစ်ခတ်ခဲ့တဲ့ Video ဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးသား Video ဖြစ်ပြီး MRTV သတင်းမှာလည်း အဆိုပါ ကိစ္စကို တစ်ဖက်က ရန်ရှာလို့ ပစ်ခတ်ခဲ့ရကြောင်းလည်း ဝန်ခံထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Rfa သတင်းထောက်က ရာဘာကျည်နဲ့ မပစ်ဘဲ ကျည်အစစ်နဲ့ ပစ်တာတွေ့တယ်ဆိုတဲ့ မေးခွန်းကိုလည်း စစ်ကောင်စီရဲ့ ပြန်ဖြေမှုမှာ ကျည်အစစ်ဖြစ်ကြောင်း ရိပ်ဖမ်းသံဖမ်း ပြောဆိုသွားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို ဒီရက်ပိုင်းမှာ ပြန်လည်ဖြန့်ဝေနေမှုဟာ ပြည်သူလူထုရဲ့ Social Punishment လုပ်တဲ့ဒဏ်ကို မခံနိုင်လို့ တန်ပြန်ဝါဒဖြန့်ပြီး သတင်းအမှားတွေ ဖြန့်နေတာ ဖြစ်တယ်လို့ ယူဆရပါတယ်။

Related Stories