HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဆန္ဒပြလူငယ်တွေကို ရပ်ကွက်နေပြည်သူတွေက လိုက်ရိုက်တယ်ဆိုတဲ့ သတင်းအမှား

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ လူငယ်တွေကို ရပ်ကွက်နေ ပြည်သူတွေက တုတ်ဓါးတွေနဲ့ လိုက်ရိုက်တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 12 Jan 2022 5:30 PM GMT

အဆိုပါ သတင်းအမှားကို ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေထားကြတာ ဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်နေတဲ့ လူငယ်တွေရဲ့ ဆန္ဒပြပွဲ Video တစ်ပုဒ် တင်ထားပါတယ်။ အဆိုပါ Video ထဲမှာ လူငယ်တွေကရောင်စုံမီးခိုးတွေ၊ ဘန်နာတွေ ကိုင်ဆောင်ပြီး "အရေးတော်ပုံ အောင်ရမည်" ၊ "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်" ၊ "ဒီမိုကရေစီ ရရှိရေး… ဒို့အရေး.. ဒို့အရေး" ၊ "သပိတ်စုံ သူပုန်ထ" ၊ "ကယ်တင်ရှင် ဘယ်သောအခါမှ မရှိ" စတဲ့ ကြွေးကြော်သံတွေ အော်ဆိုပြီး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။၎င်း Video ရဲ့ နောက်ဆုံးမှာ ဆန္ဒပြလူငယ်တွေက မီးပန်းတွေ ဖောက်ပြီး ပြေလွှား လူစုခွဲသွားတာကို တွေ့မြင်ရပါတယ်။

အဆိုပါ Video နဲ့အတူ သတင်းအမှားဖြန့်သူတွေက "ရပ်ကွက်အတွင်း လာရောက်ဆူပူအော်ဟစ်သူများအား ရပ်ကွက်သူ/ရပ်ကွက်သားများက တုတ်၊ဓါး များဖြင့် လိုက်ရိုက်သဖြင့် ဆူပူသူများ ခွေးပြေး ပြေးကြရတယ်လို့သိရ" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းဖြန့်ဝေမှုကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။ အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုပေါင်းများစွာနဲ့ ကူးယူဖော်ပြခြင်း၊ ထပ်ဆင့်ဝေမျှခြင်းတွေ ပြုလုပ်နေကြပါတယ်။

သတင်းဆန်းစစ်ချက်

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ လူငယ်တွေကို ရပ်ကွက်နေ ပြည်သူတွေက တုတ်ဓါးတွေနဲ့ လိုက်ရိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။

အဆိုပါ ဆန္ဒပြပွဲဟာ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အလွတ်တမ်းသတင်းထောက် ကိုနေမျိုး ရိုက်ကူးထားတဲ့ Video file ဖြစ်ပါတယ်။ သတင်းအမှားဖြန့်သူတွေဟာ ၎င်း Video ကို အသုံးပြုပြီး ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ပြန်လည်ဖြန့်ဝေထားခြင်းဖြစ်ပါတယ်။ ၎င်း ဆန္ဒပြပွဲကို ရပ်ကွက်နေပြည်သူတွေက လက်ခုပ်တီးအားပေးခြင်း၊ လက်သုံးခြောင်းထောင် အားပေးခြင်း တို့အပြင် "အရေးတော်ပုံ အောင်ရမည်" လို့ အော်ဟစ် အားပေးခဲ့တယ်လို့ ဆန္ဒပြပွဲမှာ သတင်းယူခဲ့တဲ့ သတင်းထောက် ကိုနေမျိုး က Boom Myanmar ကို ပြောပါတယ်။

အဆိုပါ ဆန္ဒပြပွဲမှာ ပြည်သူတွေပါဝင်မှုနဲ့ ပတ်သက်ပြီး ကိုနေမျိုးက "အချို့ပြည်သူတွေဆိုရင် ပြေးကြတော့ လူငယ်တွေကို .. သားတို့ရေ အိမ်ထဲလာဝင်ပုန်း ဆိုပြီးကာကွယ်ပေးတဲ့ သူတွေလည်း ရှိတယ်။ နောက်ကို ကြည့်ထားပေးပြီး ပြေး….ပြေး ငါတို့ရှိတယ် ဆိုပြီး ပြောကြတဲ့ သူတွေလည်းရှိတယ်။ ပြောရမယ်ဆိုရင် ပြည်သူလူထုက တစ်တပ်တစ်အား ပါဝင်တာ တွေ့ရတယ်။ သူတို့ ဖြန့်ထားတဲ့ သတင်းကတော့ ၁၀၀ ရာခိုင်နှုန်း အမှားကြီးပဲ။ Video ရဲ့ အဆုံးသတ်မှာလူငယ်တွေ ပြေးကြတာ တွေ့လိမ့်မယ်။ အဲ့ဒီပြေးတယ်ဆိုတာလည်း အကြောင်းမဲ့ ပြေးတာ မဟုတ်ဘူး။ သပိတ်တိုက်ပွဲတွေမှာ စစ်တပ်က အမြဲ ပစ်ခတ်ပြီး ဖြိုခွင်းတာ၊ ကားနဲ့တိုက်ဖြိုခွင်းတာ အဲ့လိုတွေရှိလို့ လူငယ်တွေက Save ဖြစ်ဖို့အတွက် ထွက်ပြေးရတာပေါ့နော်" လို့ ဆိုပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို Boom Myanmar က ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တုတွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ၊ သတင်းအမှားတွေ ဆက်တိုက် ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

Related Stories