HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မြန်မာစစ်တပ်ကို ကုလသမဂ္ဂနောက်ဆုံးအကြိမ် သတိပေးတယ်ဆိုတဲ့ သတင်းအမှား

မြန်မာစစ်တပ်ကို ကုလသမဂ္ဂက နောက်ဆုံးအကြိမ် သတိပေးလိုက်ပြီး မကြာမီ R2P အသက်ဝင်တော့မယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 19 Jun 2025 11:16 AM IST

ဒီအကြောင်းအရာကို Mandalay khitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၁၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန်၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အကျဉ်းသား ၂၀၀၀၀ ခန့် လွတ်ငြိမ်းရ။ အမေစုမွေးနေ့ လုံးဝထူးပြီ။ မိသားစုတွေ ပြန်စုံနေကြပြီ' လို့ ရေးသားထား တာပါ။

ဒီအကြောင်းအရာကို ဖြန့်ဝေပြီး ၃ နာရီအတွင်း ဝင်ရောက်ကြည့်ရှု့သူ တစ်သောင်းခွဲနီးပါး ရှိနေပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

မြန်မာစစ်တပ်ကို ကုလသမဂ္ဂနောက်ဆုံးအကြိမ် သတိပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Radio NUG ဖေစ့်ဘွတ်ပေချ့်မှာ ဇွန်လ ၁၈ ရက်နေ့က ဖော်ပြထားတဲ့ 'စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကြောင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ လူကုန်ကူးခံရမယ့် အန္တရာယ် မြင့်တက်လာတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးပြော' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်းထဲမှာ စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူသားချင်းစာနာမှု အခြေအနေနဲ့ လူ့အခွင့်အရေးအခြေအနေတွေ ဆိုးရွားစေခဲ့ပြီး တရားဥပဒေစိုးမိုးမှုကိုလည်း ဆိုးဆိုးရွားရွား ဖျက်ဆီးခဲ့တဲ့ အခြေအနေတွေကြောင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ လူကုန်ကူးခြင်းခံရမယ့် အန္တရာယ် မြင့်တက်လာတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက UN-Women Executive Board ရဲ့ ၂၀၂၅ ခုနှစ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေး အထွေထွေ ဆွေးနွေးမှု ကဏ္ဍမှာ ပြောကြားလိုက်တဲ့အကြောင်း ရေးသားထားတာပါ။

ဒီသတင်းထဲမှာ မြန်မာစစ်တပ်ကို ကုလသမဂ္ဂနောက်ဆုံးအကြိမ် သတိပေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

Radio NUG မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories