HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဗုဒ္ဓဘာသာကို ဂျီဟတ် လုပ်နေတယ်ဆိုတဲ့ ဘာသာရေးသွေးခွဲတဲ့အကြောင်းအရာ

တော်လှန်ရေးကိုအကြောင်းပြပြီး OIC ထံက ထောက်ပံ့ကြေးယူကာ ဗုဒ္ဓဘာသာကို ဂျီဟတ်လုပ်နေတယ်ဆိုတဲ့ အကြောင်းအရာတစ်ခုကို လူမှုကွန်ရက်အကောင့်တွေကနေ ဘာသာရေးသွေးထိုးလှုံ့ဆော်ဖို့ ရည်ရွယ်ချက်နဲ့ဖြန့်ဝေလာတာတွေ့ရပါတယ်။

By - Boom Live Myanmar | 10 Dec 2021 4:31 PM GMT

အဆိုပါ အကြောင်းအရာကို Minn Lu ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာလ 5 ရက်နေ့ ကစတင်ဖြန့်ဝေလာတာဖြစ်ပြီး မူရင်းဖြန့်ဝေတဲ့ပုံစံဟာ Template တစ်ခုပေါ်မှာ "တော်လှန်ရေးမဟုတ်၊ OIC ထံမှ ဒေါ်လာယူပြီး ဗုဒ္ဓဘာသာကို ဂျီဟတ်လုပ်နေ" လို့ ရေးထားကာ နိုင်ငံရေးကို ခုတုံးလုပ်ပြီး ဂျီဟတ်လုပ်နေကြကြောင်း၊ အမျိုးသားရေးသမားတွေက ရတနာသုတ် ရွတ်ဖို့ တိုက်တွန်းနေချိန်မှာ ရတနာသုတ်မရွတ်ဖို့ တာဆီးကြကြောင်း၊ ဘာသာပေါင်းစုံ သပိတ်ဆိုပြီး လိမ်ညာက ဘာသာရေးဂျီဟတ်လုပ်နေကြောင်း၊ အမျိုးသားရေး ထောက်ခံအားပေးတဲ့ ဆရာတော်တွေကို ဆဲဆိုစော်ကားကာဂျီဟတ်လုပ်နေကြောင်း၊ ဘုရားကျောင်းကန် စေတီတွေကို မီးရှို့ဖျက်ဆီးကြကြောင်း၊ မူယစ်ဆေးစွဲနေတဲ့ လူငယ်တွေကို ပါတီစွဲပုဂ္ဂိုလ်တွေက ငွေပေးပြီး သွေးထိုးကာမြှောက်ပေးနေကြောင်း၊ ကိုယ့်လူမျိုးအချင်းချင်း ဒလန်ဟု စွတ်စွဲကာ လူမျိုးတုန်းအောင် သတ်ဖြတ်ပြီး ဂျီဟတ်လုပ်နေကြောင်း ၎င်းသတင်းအမှားထဲမှာ ရေသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။ အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၄၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၅၀၀ ကျော်ရှိကာ ကူးယူဖော်ပြသူ များစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

OIC ထံက ဒေါ်လာယူပြီး တော်လှန်ရေးအကြောင်းပြကာ ဗုဒ္ဓဘာသာကို ဂျီဟတ်လုပ်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ပို့စ်ထဲမှာပါဝင်တဲ့အချက်အလက်တွေဟာ ဘာသာရေး သွေးထိုးလှုံ့ဆော်ထားတဲ့ အကြောင်းအရာ ဖြစ်တာကို တွေ့ရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားကြတဲ့ အခုတော်လှန်ရေးမှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်သလို မန္တလေးမြို့မှာဆိုရင်လည်း သံဃာသမဂ္ဂက ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကို အဆက်မပြတ်ပြုလုပ်နေကြပါတယ်။အောက်တိုဘာလ ၂ ရက်နေ့မှာ အဆိုပါ သံဃာတော်များ သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်တွေက ကားနဲ့တိုက်ပြီး ဖြိုခွင်းကာ လူဝတ်လဲခိုင်းပြီး ဖမ်းဆီးခဲ့တဲ့အခြေအနေဖြစ်ပွားခဲ့ပါတယ်။ ဒီလိုကားနဲ့တိုက်ပြီး အကြမ်းဖက်ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်ကို ဒီမှာ ကြည့်ပါ။


အလားတူပဲ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်က ခရစ်ယာန်ဘုရားကျောင်းတွေကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။ ကယားပြည်နယ်မှာ ခရစ်ယာန်ဘုရားကျောင်းတွေ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အကြောင်းအရာကို ဒီမှာ ကြည့်ပါ။


စစ်တပ်ရဲ့ အာဏာသိမ်း ၉ လ ကျော်အတွင်းမှာ ခရစ်ယာန်ဘုရားကျောင်း ၃၀ ကျော်ဖျက်ဆီးခံခဲ့ရတယ်လို့ RFA သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ အဆိုပါ RFA သတင်းကို ဒီမှာ ကြည့်ပါ။


လက်ရှိတော်လှန်ရေးကာလအတွင်းမှာပဲ ကျဆုံးသွားတဲ့ မွတ်စလင် ဦးရေ ၅၅ ဦးရှိသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ (MMMCC) က စာရင်းပြုစုထားပါတယ်။ MMMCC ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဖော်ပြထားတဲ့ အကြောင်းအရာကို ဒီမှာ ကြည့်ပါ။


ဒါ့အပြင် ဟိန္ဒူဘာသာဝင်တွေလည်း တော်လှန်ရေးမှာ ပါဝင်ပြီး အဖမ်းဆီးခံရကာနေအိမ်တွေ ချိတ်ပိတ်ခံရသလို၊ ဂေါ်ရခါး လူငယ်တစ်ဦးလည်း စစ်ကြောရေးမှာ နှိပ်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။ ဂေါ်ရခါးလူငယ်တစ်ဦး နှိပ်စက်သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါသေးတယ်။ ဗုဒ္ဓဘာသာဝင် ဂေါ်ရခါးလူမျိုး အင်ဂျင်နီယာကျောင်းသား ကိုလင်းပိုင်စိုး စစ်ကြောရေးမှာ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အကြောင်းကို ဒီမှာ ကြည့်ပါ။


လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကြောင့် လူမျိုးဘာသာပေါင်းစုံ အသက်သွေးတွေ ပေးဆပ်ပြီးတော်လှန်နေကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီထောက်ခံသူတွေကတော့ ၎င်းတို့ရဲ့ ရာဇဝတ်မှုတွေကိုဖုံးကွယ်ဖို့ ဘာသာရေးမှိုင်းတိုက်ပြီး ဂျီဟတ်လုပ်နေတယ်လို့ ရေးသားဖြန့်ဝေနေကြတာဖြစ်ပါတယ်။

တော်လှန်ရေးကို အကြောင်းပြပြီး ဂျီဟတ်လုပ်နေတယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ဦးဇင်းဂျောင်း က "ဂျီဟတ်ရဲ့ အဓိပ္ပါယ်က ဒီလိုမှ မဟုတ်တာလေ။ သူတို့ဘက်က ပြောနေတာ ရှိတယ်။ သံဃာတွေကို PDF တွေ၊ NUG တွေက သတ်နေတာ ဆိုတာမျိုးလေ။ ဇော်မဲလုံးဆိုရင်လည်း တူရကီက လက်နက်တွေ ဖမ်းမိပါတယ် ဆိုပြီး အဝတ်ကြီးနဲ့ပတ်ပြီး ပြတာလေ။ ဥူးဇင်းကို ဆိုရင်လည်း OIC က ဒေါ်လာ ၁၀ သန်းယူထားတယ် ဆိုပြီးဖွကြတယ်။ သူတို့ ပြောနေတာတွေက မဲပြာပုဆိုးလိုပဲ အကြောင်းအရာက ထပ်နေပြီ။ ဒါတွေကို ယုံတဲ့ သူလည်း မရှိပါဘူး။ တကယ်ဆို ဖြေရှင်းစရာတောင် မလိုဘူး။ လို့ Boom Myanmar ရဲ့ ဆက်သွယ် မေးမြန်းမှုကို အခုလို ဖြေကြားပါတယ်။ 

Related Stories