HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေသသုံးခုမှာ ပြည်ခိုင်ဖြိုး အနိုင်ပြန်ရတယ်ဆိုတဲ့ သတင်းအတု

ဒီရက်ပိုင်းအတွင်း လူမှုကွန်ယက် သုံးစွဲသူတွေကြားမှာ ရမည်းသင်း၊ ပျော်ဘွယ် နဲ့ မိတ္ထီလာမြို့တွေမှာ ပြည်ခိုင်ဖြိုးပါတီ ပြန်အနိုင်ရနေပြီဆိုတဲ့ သတင်းအမှားတွေ ဆက်တိုက် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 12 Nov 2020 12:33 PM GMT

အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ပြည်ခိုင်ဖြိုးပါတီ ထောက်ခံတဲ့ Group တွေထဲကို လက်ရှိအချိန်အထိ မျှဝေနေကြဆဲ ဖြစ်ပါတယ်။

အဲ့ဒီ အကြောင်းအရာတွေထဲကတစ်ခုကို Yati Oo ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာလ (၁၁) ရက်နေ့ ၁၁ နာရီ ၄၇ မိနစ်မှာ ရေးတင်ခဲ့တာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားကို ပြည်သူချစ်တဲ့ ပြည်ခိုင်ဖြိုးဆိုတဲ့ ဖေ့စ်ဘွတ်ဂရုထဲ မျှဝေခဲ့ပါတယ်။ အဲ့ဒီ သတင်းအမှားထဲမှာ "ဗုဒ္ဓဘာသာများတဲ့နိုင်ငံမှာ ခရစ်ယာန်တွေ မွတ်စလင် တေကို တန်းတူအခွင့်အရေးလုံးဝမပေးရပါ။ ဒါမျိုးချစ်တဲ့ လူတွေရဲ့ သစ္စာတရားပဲ။ စိတ်ထားချင်းတူရင် hi ခဲ့ပါ အရေးကြီးသတင်းရှိသေးတယ်။ အရေးကြီးသတင်းက ထီလာပြန်စိမ်းသွားပါပြီ အမျိုးတို့ရေ။ရမည်းသင်းလည်းနိုင်သွားပါတယ်။ တစ်နိုင်ငံလုံးစိမ်းတော့မှာပါရှင့်။ ချစ်တယ် ပြည်ခိုင်ဖြိုး" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

နောက်ထပ် Yu Yu Kyaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီ ၅၃ မိနစ်မှာ "ရမည်းသင်း လွှတ်တော်သုံးရပ်လုံး USDPအနိုင်ပြန်ရ။ မတရားမှုတွေ ပြန်ယူမှာနော်" လို့ ရေးသားထားပါတယ်။ အဲ့ဒီ ပိုစ့်ကို Like လုပ်ထားသူ ၁၆၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ ကျော် ရှိပါတယ်။

နောက်ထပ် စစ်နိုင် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက နိုဝင်ဘာလ ၁၁ ရက်နေ့ည ၈ နာရီ ၂၃ မိနစ်မှာ "ရမည်းသင်း ပျော်ဘွယ် ပြန်စိမ်းပြီ" လို့ ရေးတင်ခဲ့ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်မှာတော့ ၎င်းရဲ့ ဖေ့စ်ဘွတ်အကောင့်က လူမှုကွန်ယက်ပေါ်မှာ တွေ့ရခြင်း မရှိတော့တဲ့အတွက် ဖယ်ရှားခြင်း ခံရပြီလို့ ယူဆရပါတယ်။ May Sitt ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကတော့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ "ဂုဏ်ယူပါတယ် ရမည်းသင်း။ ကြားရတာ နဲ့တင် ဝမ်းသာနေပြီ။ ပြန်စစ်ပေးလို့" လို့ ရေးသားထားပါတယ်။ အဲ့ဒီ ပိုစ့်ကို Like လုပ်ထားသူ ၂၅၀၀ ကျော်ရှိပြီး ထပ်ဆင့်ဝေမျှထားသူ ၂၀၀ နီးပါးရှိပါတယ်။

ဒါ့ အပြင် ပန်းနှင်းဆီ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့် တစ်ခုက နိုဝင်ဘာလ ၁၁ ရက်နေ့ ၂ နာရီ ၁၉ မိနစ်မှာ ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူတွေ သီချင်းဖွင့်ပြီး ကနေတဲ့ Video တစ်ပုဒ် တင်ထားပါတယ်။ အဲ့ဒီ Video နဲ့အတူ "ရမည်းသင်း မူလ ပိုင်ရှင် ပြည်ခိုင်ဖြိုး ပြန် အနိုင်ရ။ ချစ်တာအေ သီချင်းမဖွင့်ရသေးဘူး တွန့်နေကြတာလေးတွေ" (သတ်ပုံမူရင်းအတိုင်း) လို့ ရေးတင်ခဲ့ပါတယ်။ နောက်ထပ် Ag Kyaw Htet Oo ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက မိတ္ထီလာမှာ ပြည်ခိုင်ဖြိုးပါတီ ပြန်အနိုင်ရပြီဆိုတဲ့ Video တစ်ပုဒ်ကို ပြန်တင်ထားပါတယ်။ အဲ့ဒီ Video ရဲ့ နောက်ခံစကားပြော အသံထဲမှာ ပြည်ခိုင်ဖြိုးပါတီ ပြန်အနိုင်ရပြီလို့ ပြောဆိုထားပါတယ်။ အဲ့ဒီ Video ကို ထပ်ဆင့် ဝေမျှထားသူ ၄၇၀၀ ကျော် ရှိနေပါတယ်။

မူရင်း ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

လူမှုကွန်ယက်ပေါ်မှာ ပျံနှံ့နေတဲ့ ရမည်းသင်း၊ ပျော်ဘွယ် နဲ့ မိတ္ထီလာမှာ ပြည်ခိုင်ဖြိုးပါတီ ပြန်အနိုင်ရသွားပြီဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးဖို့ မန္တလေးတိုင်းဒေသကြီးက NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ဦးတင်ထွဋ်ဦး၊ တိုင်းအလုပ်အမှုဆောင် ခရိုင်တာဝန်ခံ ဦးအေးသိန်း နဲ့ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင် တို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီ အကြောင်းအရာနဲ့ ပတ်သက်လို့ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က "အဲ့ဒါတွေက ဘာမှ အခြေအမြစ် မရှိတဲ့ သတင်းတွေပါလို့ ကျွန်တော်ပြောချင်ပါတယ်။ ရမည်းသင်း၊ ပျော်ဘွယ် ၊ မိတ္ထီလာ ဒါတွေက သေချာ အနိုင်ရထားပါတယ်။ သူတို့ အခုလို သတင်းအမှားတွေ ဖြန့်လေလေ မဲပေးတဲ့ ပြည်သူလူထုကို စော်ကားလေလေပဲ" လို့ ပြောပါတယ်။

အလားတူမန္တလေးတိုင်းဒေသကြီးက NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ဦးတင်ထွဋ်ဦး က ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာ တို့မှာ ပြည်ခိုင်ဖြိုးပါတီ ပြန်နိုင်လာပြီ ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး"ကျွန်တော်တို့သိ သလောက်က ဘာမှ အပြောင်းအလဲ မရှိသေးပါဘူး။ ဘာမှ ရလဒ်ပြောင်းစရာလဲ မရှိပါဘူး။ ပွတ်ကာသီကာနဲ့ နိုင်တာလည်း မဟုတ်ဘူး။ ရှုံးတဲ့သူကတော့ သူဖြစ်နိုင်မယ်ထင်တဲ့ နည်းနဲ့ ကြိုးစားနေတုန်းပဲ။ တရားဝင်ရလဒ်ကတော့ ရှိပြီးသားပဲလေ။ ပြောင်းလဲစရာ အကြောင်းမရှိပါဘူး" လို့ Boom Myanmar ကို ပြောပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်း နဲ့ သာစည်မြို့နယ်တို့မှာ အနိုင်ရရှိခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ အဆိုပါ (၄) နေရာလုံးမှာ NLD ပါတီက ပြန်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ရမည်းသင်းနဲ့ ပျော်ဘွယ် အောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေတဲ့ မန္တလေးတိုင်းဒေသကြီး တိုင်းအလုပ်အမှုဆောင် ခရိုင်တာဝန်ခံ ဦးအေးသိန်း က လည်းအခုလို မှတ်ချက်ပြုထားပါတယ်။

"သူတို့ဘက်က ကြိုတင်ပြင်ဆင်မှု တော်တော်များတယ်ဗျ။ နိုင်ငံရေးဗျူဟာ ခင်းကျင်းထားမှုတွေ တော်တော်များတဲ့အပေါ်မှာ သူတို့ ဒီဟာကို ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီ Data Result ကို သူတို့လက်ခံနိုင်ဖို့ အတိုင်းအတာ စိတ်ကူးထဲတောင် မရှိနိုင်ဘူး။ ဒါကြောင့်မို့လည်း တစ်ချက် တစ်ချက် ထထ ပြီးတော့ သူတို့ အိပ်မက်မက်နေတဲ့ ပုံစံမျိုးပေါ့ ငါတို့ ပြန်နိုင်ပြီ ငါတို့ပြန်နိုင်ပြီ ဆိုတဲ့ အသုံးအနှုန်းကို သုံးနေတယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်ဗျ။ ကျွန်တော်တို့ အလုပ်အမှုဆောင်တွေ အားလုံးတောင် ကျွန်တော်တို့ကို "ကိုအေးသိန်း မဟုတ်သေးဘူးထင်တယ်နော် ဒီမှာ USDP က ဒီလိုတွေ တင်နေပြီ ဒီလိုပုံစံတွေ လော်ဘီလုပ်နေပြီ။ ဒီလိုပုံစံတွေ ပြောနေပြီ ကိုအေးသိန်းတို့ နိုင်တာသေချာတယ်နော်" ဆိုပြီး ကျွန်တော်တို့ကို အခုချိန်ထိ ကျွန်တော်တို့ပါတီကလူတွေ ဖုန်းဆက်မေးနေတဲ့ အနေအထားတွေ ရှိနေသေးတယ်။ သူတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဖွနေတဲ့ ဖွလုံးတွေက မဲတွေကို ပြန်ရေနေပါပြီ..စိတ်မပူပါနဲ့.. USDP ပြန်နိုင်နေပါပြီ.. ဒီလိုပုံစံမျိုးတွေနဲ့ သူတို့က လူထုကို စိတ်ဓါတ်ပိုင်းဆိုင်ရာ စိတ်ဆင်းရဲအောင် လုပ်နေတဲ့ အနေအထားတွေ ကျွန်တော်တို့ တွေ့ရတယ်" လို့ Boom Myanmar ကို ပြောပါတယ်။

Related Stories