HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အမေရိကန်နိုင်ငံက စစ်ကြေငြာလိုက်ပြီဆိုတဲ့ သတင်းအမှား

ဧပြီလကတည်းက ဖြန့်ဝေနေတဲ့ အမေရိကန်နိုင်ငံက စစ်ကြေငြာလိုက်ပြီဆိုတဲ့သတင်းအမှားကိုဆက်လက်ဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ထားပါတယ်။

By - Boom Live Myanmar | 7 Jun 2021 4:02 AM GMT

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ကတည်းက လူအများဖြန့်ဝေနေတဲ့ အမေရိကန်နိုင်ငံက စစ်ကြေငြာလိုက်ပြီဆိုတဲ့ သတင်းအမှားကို ဟာသလုပ်ပြီး ဆက်လက်ဖြန့်ဝေနေတာဖြစ်ပါတယ်။ ဒီသတင်းကို စတင်ဖြန့်ဝေခဲ့တဲ့ ဧပြီလအတွင်းမှာ ယုံတဲ့သူတွေ အမြောက်အများရှိခဲ့ပြီး အခုချိန်မှာတော့ ဟာသသဘောမျိုးနဲ့ ထပ်မံဖြန့်ဝေနေတာတွေရှိသလို ပြစ်တင်ဝေဖန်ကာ ဖြန့်ဝေနေသူတွေလည်း ရှိပါတယ်။


ဖြန့်ဝေရာမှာ "ဝမ်းသာစရာသတင်း လွန်ခဲ့တဲ့တစ်နာရီက အမေရိကန်စစ်ကြေငြာလိုက်ပီ။ စစ်ဆင်ရေးစပီ။" ဆိုပြီး ဖြန့်ဝေနေတာပါ။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီဖြန့်ဝေနေတာတွေဟာ သတင်းမှားတွေသာဖြစ်တယ်ဆိုတာ လူအများသိပြီးဖြစ်ပေမယ့် သတင်းဆန်းစစ်ချက်အရ ထပ်မံစစ်ဆေးကြည့်ပါက ယုံကြည်ရတဲ့ မည်သည့် မီဒီယာ သတင်းဌာနတွေမှာမှ ယနေ့အချိန်ထိ အမေရိကန်စစ်ကြေငြာတယ် ဆိုတဲ့သတင်းကို ဖော်ပြထားခြင်းမရှိပါဘူး။

နောက်ထပ်တစ်ချက်အနေနဲ့ ဒီသတင်းကို စတင်ဖြန့်ဝေခဲ့တာ ဧပြီလ အတွင်းကဖြစ်ပြီး ရေးသားမှုထဲမှာလည်း " လွန်ခဲ့တဲ့တစ်နာရီ" လို့ သုံးနှုန်းထားပါတယ်။ ဒါကြောင့် ဒါဟာ သတင်းမှားသာ ဖြစ်ပြီး ဒီလိုမျှော်လင့်ချက်အလွဲတွေပေးတဲ့ သတင်းအမှားတွေဟာ အာဏာသိမ်းဖြစ်စဉ်ဖြစ်ပွားပြီးကတည်းက မကြာခဏထွက်ပေါ်လေ့ရှိပါတယ်။

Related Stories