HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

PDF တွေ သစ်ခိုးထုတ်နေတယ်လို့ သတင်းအမှားလိမ်လည်ဖြန့်ဝေ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သစ်ခိုးထုတ်နေတယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 6 Dec 2021 2:29 AM GMT

အဆိုပါ သတင်းအမှားကို ဒီဇင်ဘာလ ၁ ရက်နေ့က ဖေ့စ်ဘွတ်အကောင့်တုပေါင်းများစွာနဲ့ ဖြန့်ဝေခဲ့တာဖြစ်ပြီး ကနီ PDF တံဆိပ် Logo တပ်ထားတဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုပြီး "သစ်ခိုးထုတ်နေသော pdf များ" လို့ ခေါင်းစဉ်တပ်ကာ "ကနီ pdf များအနေဖြင့် ငွေကြေးထောက်ပံ့မှု နည်းပါးခြင်းကြောင့် စားဝတ်နေရေးအခက်အခဲကြုံကာ နိုင်ငံပိုင်သစ်များ ခိုးထုတ်နေ" လို့ ရေးသားထားပါတယ်။

၎င်းတို့ အသုံးပြုထားတဲ့ ဓါတ်ပုံထဲမှာ သစ်ကား ၄ စီး ရပ်ထားကာ ၎င်းသစ်ကားအနီးမှာ ပျောက်ကြားဝတ်စုံ ဝတ်ထားတဲ့ လူငယ် ၂ ဦးနဲ့ အရပ်ဝတ် နဲ့ လူ ၂ ဦးပါဝင်ပါတယ်။မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ထပ်ဆင့်ဝေမျှနေသလို ကူးယူဖော်ပြသူများစွာလည်း ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ကနီဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သစ်ခိုးထုတ်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

အဆိုပါ ဓါတ်ပုံဟာ ဒီဇင်ဘာလ ၁ ရက်နေ့က Kani people's Defense Force - KPDF 1 ဖေ့စ်ဘွတ်ပေ့ချ်မှာ ဖော်ပြခဲ့တဲ့ ဓါတ်ပုံဖြစ်ပြီး တရားမဝင် သစ်ခိုးထုတ်နေသူတွေကို ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးအရေးယူထားတဲ့ ဓါတ်ပုံဖြစ်ပါတယ်။

ဒီလိုဖမ်းမိတဲ့ သစ်ကားတွေနဲ့ ပတ်သက်ပြီး "သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီးစေသော အရာနှင့်ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမှာ ကကျွန်တော်တို့ PDFတွေရဲ့တာဝန်ပါ။မြန်မာပြည်ရဲ့ သယံဇာတ တွေကလဲ ကျွန်တော်တို့ရဲ့ အမွေအနှစ်တွေပါ ။ထို့အတွက်ကြောင့် နောက်နောင် ယခုလိုသစ်ခိုးထုတ်ခြင်းမျိုး နောက်ထပ် မပြုလုပ်ရန် ပထမဆုံးနဲ့နောက်ဆုံးး သသတိပေးဖမ်းစီးခြင်းဖြစ်ပါသည်။ သစ်ကား4စီး၊သစ်တန် 30ကျော်၊ကာလတန်ဖိုး သိန်း200ဖိုးခန့် ဖမ်းစီးရမိခြင်းဖြစ်ပါသည်" လို့ KPDF 1 ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဖော်ပြထားပါတယ်။

Kani people's Defense Force - KPDF 1 ပေ့ချ်က ဖော်ပြထားတဲ့သတင်းကို ဒီမှာ ကြည့်ပါ။



 


Related Stories