HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဘုန်းတော်ကြီးသင်ကျောင်းတွေဖျက်သိမ်းဖို့ NLD ကိုယ်စားလှယ်လောင်းက ပြောတယ်ဆိုတဲ့သတင်းအမှား

ဒီရက်ပိုင်းအတွင်းမှာ ပန်းဘဲတန်းမြို့နယ်က NLD ကိုယ်စားလှယ်လောင်း ကိုစည်သူမောင်အပေါ် ဘာသာရေးအရ တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 30 Sep 2020 12:07 PM GMT

အဆိုပါ သတင်းအမှားထဲမှာ ပန်းဘဲတန်းမြို့နယ်က NLD ကိုယ်စားလှယ်လောင်း ကိုစည်သူမောင်က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ ပိတ်ခိုင်းပြီး အာရဗီဘာသာ စကားကို ကျောင်းစာမှာ ပြဌာန်းခွင့် ပြုဖို့ တောင်းဆိုခဲ့သူ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာနဲ့ ဝေမျှနေကြပြီး ထပ်ဆင့် ဝေမျှနေသူတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ အဲ့ဒီ သတင်းအမှားကို တင်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို နေ့စွဲနဲ့ လိုက်လံ ရှာဖွေကြည့်တဲ့ အခါမှာ ပန်းဘဲတန်းမြို့နယ်က နှင်းဆီပါတီရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ စက်တင်ဘာလ ၂၆ ရက်နေ့က တင်ထားခဲ့တာကို တွေ့ရပြီး ကျန်တဲ့ ဖေ့စ်ဘွတ်အကောင့်တွေထက် စောပြီးတင်ထားတာကို တွေ့ရပါတယ်။

UDP ပန်းဘဲတန်း ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စက်တင်ဘာလ ၂၆ ရက်နေ့ မနက် ၁၀ နာရီ ၃၅ မိနစ်မှာ ၎င်းရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ "သူတပါးကိုဝေဖန်တိုက်ခိုက်နေတာမဟုတ်ပါ။အဖြစ်မှန်ကိုချပြခြင်းသာဖြစ်ပါတယ်" လို့ ခေါင်းစဉ်တပ်ထားတဲ့ ဖေ့စ်ဘွတ်ပိုစ့် တစ်ခုကို တင်ထားပါတယ်။ အဲ့ဒီပိုစ့်ထဲမှာ "NLD ပါတီဟာအမတ်လောင်းတွေကို နေရာချရွေးချယ်ရာမှာ အင်မတန်ပါးရည်နပ်ရည်ရှိပါတယ်။ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ NLD ပါတီရဲ ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လှိုင်မြို့နယ်မှာနေထိုင်သူ ဦးစည်သူမောင် ကိုဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင်ရွေးချယ်ခဲ့တာပါ။ဦးစည်သူမောင်ဟာ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက အာရဗီ ဘာသာစကားကို ကျောင်းသင်ခန်းစာတွေထဲမှာ ထည့်သွင်း ပြဋ္ဌာန်းခွင့်ရရှိရေးတောင်းဆိုခဲ့သူဖြစ်ပြီး တကယ်လို့ မပြဋ္ဌာန်း ပေးဘူးဆိုရင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကိုပါ ပိတ်ပေးဖို့တောင်းဆိုခဲ့သူပါ" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပြီး အဲ့ဒီ ပိုစ့်ထဲမှာ NLD ပါတီဟာ ကိုစည်သူမောင်ကို လက်သပ်မွေးထားတာ ဖြစ်ကြောင်း အရာအားလုံးဟာ ကြိုတင် အကွက်ကျ စီစဉ်ထားတာ ဖြစ်ကြောင်း ရေးသားထားပြီး ၎င်းပိုစ့်ရဲ့ အောက်ဆုံးမှာ ရေးသားသူ နေရာမှာ ယုန်လေးမမ ဆိုတဲ့ နာမည်ကို Credit ပေးထားပါတယ်။

မူရင်းရေးသားမှု အပြည့်အစုံကို ဒီမှာ ကြည့်ပါ။

ဒါ့အပြင် အဆိုပါ သတင်းအမှားကို စက်တင်ဘာလ ၂၇ ရက်နေ့မှာ တခြား ဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာကလည်း ပြန်လည် ကူးယူဖော်ပြကာ ဆက်လက်ဖြန့်ဝေနေကြဆဲ ဖြစ်ပြီး လူမှုကွန်ယက်ပေါ်မှာ လူပေါင်း သိန်းဂဏာန်းအထိ အဲ့ဒီ သတင်းအမှားဟာ ပျံနှံ့နေပါတယ်။

တခြား ဖြန့်ဝေထားတဲ့ ပိုစ့်တွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်နိုင်ပါတယ်။


သတင်းဆန်းစစ်ချက်

လူမှုကွန်ယက်ပေါ်မှာ ပျံနှံ့နေတဲ့ NLD ပါတီရဲ့ ပန်းဘဲတန်းမြို့နယ်က ကိုယ်စားလှယ်လောင်း ကိုစည်သူမောင်က ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေကို ပိတ်ခိုင်းပြီး အာရဗီဘာသာစကားကို ကျောင်းစာမှာ ပြဌာန်းဖို့ တောင်းဆိုတယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ သတင်းအမှား ဖြန့်ဝေခဲ့ရတဲ့ ကာယကံရှင် ဖြစ်သူကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာ အဆိုပါ သတင်းဟာ သတင်းအမှားသာ ဖြစ်ကြောင်း အတည်ပြု ပြောဆိုပါတယ်။

ဒီလို ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး "အဲ့ဒီဟာက လွန်ခဲ့တဲ့ ၂၀၁၅ မတိုင်ခင် ကာလ လောက်က အမျိုးသားပညာရေး ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေမှာ အငြင်းပွားစရာ ဖြစ်တဲ့ ကိစ္စပေါ့။ အဲ့ဒီတုန်းက ကျွန်တော်က ဘက ကျောင်းတွေ ပိတ်ပေးဖို့ လုံးဝ မပြောခဲ့ဘူး။ အဓိကကတော့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ လည်း ရှိတယ်ပေါ့ဗျာ။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေမှာဆို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို အားထားနေရတာပေါ့။ ဆိုလိုတာက ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးစနစ်မှာ Non-Formal Education ခေါ်တာပေါ့။ Non-Formal Education တို့ ဘာတို့လည်း လိုအပ်တယ်။ ပရဟိတ အသင်းကျောင်းတွေလည်း လိုအပ်တယ်။ ဒါတွေအားလုံးကို အကြုံးဝင်အောင်လို့ လွှမ်းခြုံနိုင်တဲ့ ပညာရေးစနစ်ထဲမှာ ဒီအချက်တွေကို ထည့်သွင်းပေးဖို့ လိုအပ်တယ်လို့ ပြောတာ။ ဒါကို မလိုတဲ့ သူတွေက ဖွတာ။ အရင်တုန်းကတော့ ဖွတဲ့ ပုံစံက ဇေယျာလွင်နဲ့ ဖွကြတာ များတာပေါ့။ အခုကျတော့ ကျွန်တော့် နာမည်ပြောင်းပြီးတော့ တလှည့်ပြန်ပြီး သုံးလာတယ်ဆိုတော့ ဒါ မရိုးသားမှုပဲလေ" လို့ ကိုစည်သူမောင်က ပြောပါတယ်။

ဒီလို သတင်းအမှား ရေးသားဖြန့်ဝေမှုဟာ ၂၀၁၅ ခုနှစ် ခန့်က စတင်ခဲ့တာ ဖြစ်ပြီး မူလ ဖြန့်ဝေစဉ်ကာလမှာ ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်၊ ပညာရေးဥပဒေ ပြင်ဆင်ရေးသပိတ် ဦးဆောင်ကော်မတီဝင်ဟောင်း တစ်ဦးဖြစ်သူ ကိုဇေယျာလွင် နာမည်တွေ ဓါတ်ပုံတွေ အိမ်လိပ်စာတွေ အသုံးပြုပြီး အမျိုးသားရေး လှုပ်ရှားသူများက ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီ အကြောင်းအရာဟာ ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွာသာကြီးမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသား ပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်မယ့် ဥပဒေကို အကြံပြုဆွေးနွေးပွဲမှာ မဟာတန်းကျောင်းသားတစ်ဦး နဲ့ ဒီပလိုမာတန်းတက်ရောက်နေသူ တစ်ဦးက NNER နဲ့ သပိတ်မှောက် ကျောင်းသာတွေ တောင်းဆိုထားတဲ့ ဥပဒေ ပုဒ်မ ၃၆ ကို ဖျက်သိမ်းပြီး ပုဒ်မ ၇၁ ကို ရုပ်သိမ်းသင့်ကြောင်း အကြံပြုဆွေးနွေးချက်ကို အသုံးပြုကာ သတင်းအမှား ဖြန့်ဝေခဲ့ကြခြင်းသာ ဖြစ်ပါတယ်။

အဲ့ဒီ ပြောကြားမှုတွေထဲမှာ ဘက ကျောင်းတွေ ဖျက်သိမ်းဖို့ ပြောတာ မပါဝင်သလို အစ္စလာမ် ဘာသာရေးစာတွေကို ကျောင်းသင်ခန်းစာထဲမှာ ထည့်သွင်း သင်ကြားဖို့လည်း မပါဝင်ပါဘူး။ ဒီသတင်းအမှားဟာ ရွေးကောက်ပွဲနီးကပ်လာချိန် ဘာသာရေးအသုံးချပြီး နိုင်ငံရေး အမြတ်ထုတ်ထားခြင်းသာ ဖြစ်ပါတယ်။

 



Related Stories