HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီကို UN မှာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတယ်ဆိုတဲ့ သတင်းအမှား

UN အစည်းအဝေးအတွင်း မဲခွဲဆုံးဖြတ်ရာမှာ စစ်ကောင်စီကို တရားဝင် အစိုးရအဖြစ် အတည်ပြုလိုက်တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ်ပြီးခဲ့တဲ့ရက်ပိုင်းတွေက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar | 28 Jun 2022 2:43 PM GMT

အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ ဒီရက်ပိုင်းအတွင်း လူမှုကွန်ယက်ပေါ်ဖြန့်ဝေနေကြတာ ဖြစ်ပြီး သတင်းအမှားထဲမှာ "နစက အားတရားဝင်အစိုးရအဖြစ် သတ်မှတ်ရေး အဆိုကို ကုလသမဂ္ဂအစည်းအဝေးတွင် ဆုံးဖြတ်ချက်ရယူရာမှာ ထောက်ခံမဲအများစုဖြင့် "နစက"အား မြန်မာနိုင်ငံအစိုးရအဖြစ် အတည်ပြု။ ထုံးစံအတိုင်းကန့်ကွက်တာက တူရကီ × ကြားနေတာက USA ; UK , နဲ့အနောက်နိုင်ငံအချို့ နစကအား အစိုးရအဖြစ် အတည်ပြုထောက်ခံတာက တရုပ် အိန္ဒိယ ရုရှား အာဆီယံ ၁၀နိုင်ငံအပြင် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉....ကမ္ဘာ့လူလည် ငပွတွေ စောက်ရှက်ကွဲကုန်ပီ…" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။ အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ထပ်ဆင့်ဝေမျှခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

သတင်းဆန်းစစ်ချက်

UN အစည်းအဝေး မဲခွဲဆုံးဖြတ်ချက်နဲ့ စစ်ကောင်စီကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူစဉ်ကနေ အခုချိန်ထိ စစ်ကောင်စီကို UN က အသိအမှတ်ပြုထားခြင်း မရှိပါဘူး။ ဒီလို အသိအမှတ်ပြုတယ်ဆိုတဲ့ အကြောင်းအရာကို မည်သည့် သတင်းဌာနမှာမှ ဖော်ပြထားခြင်းလည်း မရှိပါဘူး။ ဒီလိုအကြောင်းအရာမျိုးကို သတင်းအမှားဖြန့်သူတွေက ဝါဒဖြန့်ဖို့ ကြိမ်ဖန်များစွာ လုပ်ကြံရေးသားထာခြင်းသာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး NUG နဲ့ ပတ်သက်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကသာ ကုလဆိုင်ရာမြန်မာ သံအမတ် အဖြစ် တရားဝင်တည်ရှိနေဆဲ ဖြစ်ပြီး စစ်ကောင်စီက ဦးကျော်မိုးထွန်းကို ဖြုတ်ချဖို့ ကြိုးပန်းခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိပါဘူး။

ဦးကျော်မိုးထွန်းကို စစ်ကောင်စီက ဖြုတ်ချဖို့ ကြိုးစားခဲ့တဲ့ သတင်းကို ဒီမှာ ဖတ်ပါ။



 



Related Stories