HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အောင်သမာဓိရွှေဆိုင်တွေကို ချိတ်ပိတ်လိုက်ပြီ ဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ အောင်သမာဓိရွှေဆိုင်နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 19 Aug 2021 5:08 AM GMT

အဆိုပါ သတင်းအမှားတွေကို ဩဂုတ်လ ၁၈ ရက်နေ့က ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပြီး ၎င်းဖြန့်ဝေမှုထဲမှာ "အောင်သမာဓိ ရွှေဆိုင်အားလုံး ချိတ် ပိတ်လိုက်ပါပြီ။ ရွှေတိဂုံစေတီက ရွှေတွေနဲ့ ပတ်သက် နေလို့ပါ။ရွှေ ဝယ်ထားသူများ ရွှေတိဂုံ ဘုရားကြီးမှ ရွှေတွေ ပါတယ် တဲ့ဗျာ။ ဝတ်ရဲရင် ဝတ်ကြပေါ့" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ တချို့ ဖေ့စ်ဘွတ်အကောင့်တွေကတော့ "အောင်သမာဓိအား (ဒု့ကြိမ်) ထမင်းစား ဖိတ်သွားကြောင်းသိရ" လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေထားတဲ့ အောင်သမာဓိရွှေဆိုင်အားလုံးကို ချိတ်ပိတ်လိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လူအများထိတ်လန့်အောင် ဖြန့်ဝေထားတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။

အောင်သမာဓိရွှေဆိုင်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကလည်း အဆိုပါ အကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ကြောင်းအခုလိုရှင်းလင်းထားပါတယ်။

"အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့်ပတ်သက်၍ ပုံတွင်ပါသော facebook လူမှု့ကွန်ရက်မှ ပြန်နှံ့နေသည့် သတင်းအမှားများသည် လုံးဝ(လုံးဝ)မဟုတ်မှန်ကြောင်းအများပြည်သူ သိရှိစေရန် အသိပေးကြေငြာလိုက်ပါသည်" လို့ အသိပေးရေးသားထားပြီး အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင် လည်း မန္တလေးရုံးချုပ်နေအိမ်မှာ မိသားစုနဲ့အတူ ကျန်းမာစွာရှိတယ်လို့ ရေးသားထားပါတယ်။

ရွှေဆိုင်တွေကိုလည်း ပုံမှန်အတိုင်းရောင်းချပေးနေပြီး "အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ပတ်သက်ပြီး မဟုတ်မမှန် သတင်းအချက် အလက်များကို Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မဟုတ်မမှန် ရေးသားနေသူများကိုလည်း တရားဥပဒေနှင့်အညီ အရေးယူသွားပါမည်။ ခိုင်လုံသောအထောက်ထားမရှိသည့်သတင်းအချက်အလက်များကို အောင်သမာဓိရွှေချစ်သူများ ယုံကြည်မှူ မရှိကြစေရန်ကိုလည်း အနူးအညွတ်မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။" လို့ ရေးသားထားပါတယ်။

အောင်သမာဓိရွှေဆိုင်က အသိပေးရေးသားထားတဲ့ အကြောင်းအရာကို ဒီမှာ ဖတ်ပါ။



 


Related Stories