HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီကို လေယာဉ်သုံးခွင့် ပိတ်သိမ်းတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီကို လေယာဉ်အသုံးပြုခွင့် ပိတ်သိမ်းလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 30 May 2023 2:38 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Breaking News ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မေလ ၂၁ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ကူးယူဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၈ မိနစ် နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘လေယာဉ်သုံးခွင့် ပိတ်သိမ်းခံရ။ စစ်အုပ်စု ခွေးဖြစ်ပြီ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားတာဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အခုဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲဟာ Khit Thit Media မှာ မေလ ၂၀ ရက်နေ့က ဖော်ပြထားတဲ့ ‘အကြမ်းဖက်စစ်တပ်ရဲ့ လေယာဥ်ဆီ နဲ့ ဝင်ငွေလမ်းကြောင်း မှန်သမျှ ပိတ်ပင်နိုင်ရေး ပြည်တွင်း ပြည်ပမှ တော်လှန်ရေးအင်အားစုများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်’ ဆိုတဲ့ ဆောင်းပါးကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ ‘လေယာဉ်သုံးခွင့် ပိတ်သိမ်းခံရ’ ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး


Khit Thit Media မှာ ဖော်ပြထားတဲ့ ဆောင်းပါးကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ဝိုင်းဝန်းရပ်တန့်ပေးဖို့ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာက ဖိအားပေး တောင်းဆို နေပေမယ့် စစ်ကောင်စီက ပိုမိုအသုံးပြုလာတယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့ ဧပြီလအတွင်းက ဖြစ်ပွားခဲ့တဲ့ ပဇီကြီးဖြစ်စဉ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက် အနည်းဆုံး ၁၃၀ အထိ ရှိခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကို ရပ်ဆိုင်းဖို့တောင်းဆိုတဲ့ No Fly Zone လှုပ်ရှားမှုကို
ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေတဲ့ စစ်ကောင်စီဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ထည့်သွင်းတောင်းဆိုတာတွေ ပြုလုပ်နေပေမယ့် လေယာဉ်သုံးခွင့် ပိတ်သိမ်းခံရတယ် ဆိုတဲ့ ဖြစ်စဉ်တော့ မရှိသေးပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေဟာ သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုမှု များအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့တွေဖြစ်တာကို တွေ့ရပါတယ်။

Related Stories