HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နေပြည်တော်မှာ KNU က ဒရုန်းနဲ့ ပစ်တယ်ဆိုတဲ့ သတင်းအမှား

အပစ်အခတ် ရပ်စဲရေး အစည်းဝေးပြုလုပ်နေစဉ် နေပြည်တော်ကို KNU က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်တယ်ဆိုပြီး ရေးသားဖြန့်တဲ့သတင်းအမှားတစ်ပုဒ်ပျံ့နှံံလာပါတယ်။

By - Boom Live Myanmar | 18 May 2022 4:29 PM GMT

ဒီအကြောင်းအရာကို သတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Top video new ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မေလ ၁၄ ရက်နေ့က စတင်ဖြန့်ဝေနေတာဖြစ်ပြီး သတင်းမှားတွေ ဖြန့်ဝေလေ့ရှိတဲ့ အခြားဖေစ့်ဘွတ်ပေချ့်တွေမှာလည်း ဖြန့်ဝေထားတာ တွေ့ရပါတယ်။

၉ မိနစ်နီးပါး ကြာချိန်ရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ "အပစ်ရပ် ၁၀ ဖွဲ့စည်းဝေးနေတုန်း နေပြည်တော်ကို KNU ဒရုန်းနဲ့ထုပြီဗျို့၊ KNU ရာဇနသံပေးပြီ" လို့ ရေးသားဖြန့်ဝေနေတာပါ။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေမှုမှာ ပါတဲ့ ဗွီဒီယိုဖိုင်ကို စစ်ဆေးကြည့်ရှု့ရာမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖိတ်ခေါ်မှုကို မတက်ရောက်တဲ့အပေါ် စစ်ခေါင်းဆောင် ပြောဆိုတဲ့ အကြောင်းအရာနဲ့ KNU ဘက်က ပြန်လည်ပြောကြားမှုဆိုတဲ့ အကြောင်းအရာတွေကို ကိုယ်ပိုင်ထင်မြင်ချက်တွေ ထပ်ပေါင်း ပြောဆိုထားတဲ့ အမှန်၊ အမှား ရောထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။

ဒါ့အပြင် နေပြည်တော်ကို KNU က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့ဖြစ်စဉ်ဟာ ဒီရက်ပိုင်းထဲဖြစ်ပွားထားခြင်းအမရှိသလို ဒီသတင်းကို ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားခြင်လည်းး မရှိပါဘူး။

Related Stories