HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

သမ္မတ ကို ဖြုတ်ချလို့ ရကြောင်း တပ်ချုပ် ပြောတယ် ဆိုတဲ့ သတင်းအမှား

သမ္မတကို ဖြုတ်ချလို့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 17 Dec 2020 6:23 AM GMT

အဆိုပါ သတင်းအမှားကို Shwe Shwe Myanmar ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၈၈ နာရီ ၄၄ မိနစ်မှာ ရေးတင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ သတင်းအမှားကို ဖြန့်ဝေရာမှာ အစိမ်းရောင် နောက်ခံအရောင်နဲ့ပြုလုပ်ထားတဲ့အပေါ် "တာဝန်မကျေတဲ့ သမ္မတအား စွပ်စွဲအပြစ်တင်ဖြုတ်ချလို့ရကြောင်း ဥပဒေအတိုင်း တပ်ချုပ်ကြီး ပြောပါပြီ" လို့ ရေးသားထားပါတယ်။

အဲ့ဒီ အစိမ်းရောင် template နဲ့အတူ "နိုင်ငံတော် သမ္မတ ဆိုသူအားအင်းစိန်ထောင်သို့ ပို့ဆောင်ပေးမည့် နိုင်ငံတော် ဥပဒေ ပြဠမ်း ချက်များ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ္မ ၃၉၈ (က)အရ နိုင်ငံတော် သမ္မတမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းခန့်အပ် တာဝန်ပေးရခြင်းဖြစ်သောကြောင့် ပုဒ္မ ၄၀၀(က) အရ UECကို စွပ်စွဲ ပြစ်တင်ပိုင်ခွင့်သည် နိုင်ငံတော်သမ္မတ တစ်ဦးတည်း ထံတွင်သာ အပြည့်အဝ တာဝန်ရှိသကဲ့သို့ အခွင့်အာဏာ သည်လဲ အပ်နှင်း ပေးထားရခြင်း ဖြစ်သည် ပုဒ်မ ၂၃၂ (ဇ) အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည် ပုဒ္မ၄၀၀( က) အရ UECကို စွပ်စွဲ ခြင်း ပြစ်တင် ရှုတ်ချ ခြင်း အရေးယူခြင်း မျ ားကို မပြု လုပ်ဘဲ ဆောင်ရွက်ရန် ပျ က်ကွက်ခဲ့ ပါက နိုင်ငံတော် သမ္မတသည် ပုဒ္မ ၇၁ (က) (၅)အရ ဥပဒေက ပေးအပ်သောတာဝန်များကို ကျေ ပွန်စွာ မဆောင်ရွက်ခြင်း တာဝန် မကျေ ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ပုဒ္မ ၇၁ (က)အရ နိုင်ငံတော် သမ္မတ ဆိုသူအား စွပ်စွဲ ပြစ်တင်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်" (မူရင်းရေးသားထားသည့် အတိုင်း) လို့ ရေးသားထားပါတယ်။

အဲ့ဒီ ဖေ့စ်ဘွတ်ပိုစ့်ကို Like လုပ်ထားသူ ၉၀၀ နီးပါးနဲ့ ထပ်ဆင့်ဝေမျှထားသူ ၆၀၀ နီးပါး ရှိနေပါတယ်။

မူရင်း ရေးသားမှုအပြည့်အစုံကို ဒီမှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

Shwe Shwe Myanmar ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးထားတဲ့ တာဝန်မကျေတဲ့သမ္မတကို စွပ်စွဲအပြစ်တင်ဖြုတ်ချဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

၎င်း ရေးသားထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားထားခြင်း မရှိပါဘူး။ သတင်းအမှားတင်သူဟာ ကာကွယ်ရေးဦးစီးချုပ် နာမည်ကို အသုံးပြုပြီး ဝါဒဖြန့် သတင်းအမှားတင်ထားတာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ခြင်းမရှိသလို သတင်းထုတ်ပြန်ထားခြင်းမျိုးလည်း မရှိပါဘူး။ ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာတွေပေါ်မှာ ရေးသားဖော်ပြထားခြင်း မရှိသလို တပ်မတော်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေး နဲ့ မြဝတီ website တို့မှာလည်း ရေးသားဖော်ပြထားခြင်း မရှိပါဘူး။

Related Stories