HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

လိုင်ဇာပစ်ခတ်မှုကြောင့် ရခိုင်စစ်ဦးစီးချုပ် သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီက ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ရခိုင်စစ်ဦးစီးချုပ် သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ သတင်းအမှားတွေထွက်ပေါ်လာပါတယ်။

By - Boom Live Myanmar | 29 Sep 2023 7:26 PM GMT

ဒီအကြောင်းအရာကို 'ထာဝရ အမေ့သားသမီးအများ တိုက်ပွဲခေါ်သံ' ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၂၉ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘၁၂၀ မမနဲ့ဆော်လိုက်တာ ရခိုင်စစ်ဦးစီးချုပ် ပွဲသိမ်းသွားလို့ စစ်ရေး တင်းမာလာပြီ’ ဆိုပြီး ရေးသားထားတာပါ။ ဗီဒီယိုကာဗာပေါ်မှာလည်း 'လိုင်ဇာမြို့ကို လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဗိုလ်ချုပ်ဂွမ်မော် စစ်ကြေငြာလိုက်ပြီ' လို့ ရေးသားဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်စစ်ချက်

ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ 'လိုင်ဇာမြို့ကို လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဗိုလ်ချုပ်ဂွမ်မော် စစ်ကြေငြာလိုက်ပြီ' ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

ဗီဒီယိုဖိုင်ထဲမှာတော့ ခေတ်သစ်မီဒီယာမှာ စက်တင်ဘာလ ၂၉ ရက်နေ့က ဖော်ပြထားတဲ့ 'လိုင်ဇာတွင် စစ်ကောင်စီက လက်နက်ကြီး များဖြင့် ပစ်ခတ်မှုကြောင့် AA မှ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးသေဆုံးပြီး တပ်ဖွဲ့တစ်ချို့ ထိခိုက်ဒဏ်ရာရ' ဆိုတဲ့ သတင်းကို ကူးယူကာ နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ အကြောင်းအရာသာ ပါဝင်ပါတယ်။

ခေတ်သစ်သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းထဲမှာ စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ကချင်ပြည်၊ လိုင်ဇာရှိ ရက္ခိုင့်တပ်တော် တပ်စခန်းတစ်ခုအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် ရက္ခိုင့်တပ်တော် AA မှ ဗိုလ်ကြီးအဆင့်ရှိသူ အရာရှိတစ်ဦး သေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း AA ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခိုင်သုခက ပြောတဲ့အကြောင်း ရေးသားထားပါတယ်။

ဒီနေ့ ညပိုင်းဆက်လက် တက်လာတဲ့ သတင်းတွေအရ ဒီဖြစ်စဉ်နဲ့ ပက်သက်လို့ ရက္ခိုင့်တပ်တော် စစ်ရုံးချုပ်အနေနဲ့ သင့်တော်သလို တုံ့ပြန်သွားမှာဖြစ်တဲ့အကြောင်း ဦးခိုင်သုခက ပြောဆိုတယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြနေပါတယ်။

ဒါပေမယ့် ခုဖြန့်ဝေနေတဲ့ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ရခိုင်စစ်ဦးစီးချုပ် သေဆုံးတယ်ဆိုတဲ့အကြောင်းအရာနဲ့ လိုင်ဇာမြို့ကို လက်နက်ကြီး ပစ်ခတ်တဲ့အတွက် ဗိုချုပ်ဂွမ်မော် စစ်ကြေငြာလိုက်တယ်ဆိုတဲ့ အကြောင်းအရာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories