HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နေပြည်တော် လေတပ်ဌာနချုပ်တိုက်ခိုက်ခံရသယောင် ဖြန့်ဝေတဲ့သတင်းအမှား

နိုင်ငံတွင်းဒေသအချို့မှာ တိုက်ပွတြချို့ဖြစ်ပေဓနေတဲ့ကာလမှာပဲ ဒီအကြောင်းအရာတွေနဲ့ဆက်စပ်ပြီး နေပြည်တော်မြို့ကို ဦးတည်တိုက်ခိုက်သယောင်လုပ်ကြံဖြန့်ဝေတဲ့ သတင်းအမှားလည်းပေါ်ထွက်နေပါတယ်။

By - Boom Live Myanmar | 6 April 2023 5:37 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဧပြီလ ၄ ရက်နေ့ကစပြီး ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ Video Thumbnail လို့ခေါ်တဲ့ ဗီဒီယိုခေါင်းစဉ်မှာ 'နေပြည်တော် အထိနာပြီ။ နေပြည်တော် တက်သိမ်းခံရ။ လေတပ်ဌာနချုပ်ထိပြီ။ အထူးအရေးပေါ်' ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ရေးသားဖြန့်ဝေနေတာဖြစ်ပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒါ့အပြင် ဒီပေ့ချ်မှာပဲ နေပြည်တော်နဲ့ ပက်သက်တဲ့ သတင်းအမှားတွေကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလနဲ့ မတ်လ အတွင်းတွေမှာလည်း ဆက်တိုက်ဖြန့်ဝေမှုတွေ ရှိနေပါသေးတယ်။


ဖြန့်ဝေရာမှာ ‘နေပြည်တော် အထိနာ။ စစ်သား ၈၉၀ ကျော် ထွက်ပြေး’ ဆိုတဲ့ဖြစ်စဉ်အကြောင်းအရာ အသေးစိတ်မပါဝင်တဲ့ သတင်းအပြင် ‘နေပြည်တော် စစ်ရုံးချုပ်မှာ ထွက်ပြေးကုန်ပြီ’ ဆိုတဲ့ သတင်းမျိုးတွေလည်း ဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အခုဖြန့်ဝေနေတာတွေဟာ တိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီး အများပြည်သူထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ သတင်းအမှားတွေသာဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ‘နေပြည်တော်အထိနာတယ်။ လေတပ်ဌာနချုပ် ထိခိုက်’ ဆိုတဲ့အကြောင်းအရာ (သို့မဟုတ်) ‘နေပြည်တော် စစ်ရုံးချုပ်မှာ စစ်သားတွေ ထွက်ပြေးကုန်ပြီ’ ဆိုတာနဲ့ ပက်သက်တဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
လတ်တလောကာလအတွင်းနေပြည်တော်မှာ စစ်တပ်နဲ့ဆန့်ကျင်ဖက်အဖွဲ့တွေက တိုက်ခိုက်မှုအနေနဲ့ဆိုရင် ပြီးခဲ့တဲ့တပ်မတော်နေ့မှာ ရှော့တိုက်ဒုန်းနဲ့တိုက်ခိုက်ဖို့ကြံစည်ကြတဲ့ဖြစ်စဉ်သာရှိခဲ့ပြီး ဒီဖြစ်စဉ်မှာလည်း စီစဉ်သူတွေဖမ်းစီးခံလိုက်ရတဲ့ဖြစ်စဉ်မျိုးသာရှိခဲ့တာဖြစ်ပါတယ်။

ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ဟာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြုပြင်ထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories