HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

သရုပ်ဆောင် အကယ်ဒမီဇင်ဝိုင်း ပြန်လည် ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတဲ့ သတင်းအမှား

ဖမ်းဆီးစစ်ဆေးခံခဲ့ပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးထားတဲ့ သရုပ်ဆောင် ဇင်ဝိုင်းကို ပြန်လည်ဖမ်းဆီးတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 8 Oct 2021 4:31 AM GMT

ဒီဖြန့်ဝေမှုတွေကို အောက်တိုဘာလ ၆ ရက်နေ့ ညပိုင်းမှာ စစ်တပ်ထောက်ခံသူ အကောင့်တွေကနေ စတင်ဖြန့်ဝေလာကြတာဖြစ်ပြီး အချို့ဖြန့်ဝေမှုတွေမှာ အမျိူးသားတစ်ဦး အော်ဟစ်ပြောဆိုနေတဲ့ တစ်မိနစ်နီးပါး ကြာမြင့် ဗွီဒီယိုဖိုင်တစ်ခုလည်း ပါဝင်ပါတယ်။

ဗွဒီယိုဖိုင်နဲ့အတူ "ခံဝန်နဲ့ ပြန်လွှတ်ပေးထားတဲ့ သရုပ်ဆောင် ဇင်ဝိုင်းကို ပြန်လည် ဖမ်းဆီးလိုက်ကြောင်း၊ သရုပ်ဆောင် ဇင်ဝိုင်း(ခ) ဦးဌေးလွင်ကို ရပ်ကွက်အတွင်း မူးရူးအော်ဟစ်ခြင်း၊ ဒေသခံကာကွယ်ရေးတပ်ထဲရောက်နေတဲ့ သားဖြစ်သူ PDF အဖွဲ့ဝင် မင်းမော်ကွန်းနဲ့ ဆက်သွယ်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို လျှို့ဝှက်ထောက်ပံ့ခြင်းတွေ လုပ်တဲ့အတွက် ပြန်လည်ဖမ်းဆီးရခြင်းဖြစ်ကြောင်းနဲ့ လက်ရှိမှာ ရေကြည်အိုင် စစ်ကြောရေးကို ပို့လိုက်ကြောင်း" တွေ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

သရုပ်ဆောင် ဇင်ဝိုင်း ပြန်လည်ဖမ်းဆီးခံရတယ်လို့ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေသာ ဖြစ်တယ်လို့ Mizzima သတင်းဌာနရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာလ ၇ ရက် ညပိုင်းက ရေးသားဖော်ပြထားပါတယ်။


သတင်းထဲမှာ "သရုပ်ဆောင် အကယ်ဒမီ ဇင်ဝိုင်း ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နီးစပ်သူ အနုပညာအသိုင်းအဝိုင်းမှ ဒါဟာ သတင်းအမှား ဖြစ်တယ်ဆိုပြီး မဇ္ဈိမကို အတည်ပြုဖြေကြားထားကြောင်း၊ လက်ရှိ အွန်လိုင်းပေါ်မှာ ပြန့်နှံ့ထွက်ပေါ်နေတဲ့ အမျိုးသားတစ်ဦး အော်ဟစ်နေတဲ့ ဗီဒီယိုဖိုင်နဲ့ ပက်သက်တာကိုတော့ မသိရှိရသေးကြောင်းနဲ့ သရုပ်ဆောင် မင်းမော်ကွန်းရဲ့ ဇနီးဖြစ်သူမှလည်း သူ့ရဲ့လူမှုကွန်ယက်မှတစ်ဆင့် မိသားစုနဲ့ ပက်သက်တဲ့ သတင်းအမှားများကို မဖြန့်ဝေဖို့ မေတ္တာရပ်ခံ ထားကြောင်း" ရေးသားဖော်ပြထားပါတယ်။ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

သရုပ်ဆောင် ဦးဇင်ဝိုင်းမှာ စစ်တပ်အာဏာသိမ်းပြီး မကြာခင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြီးခဲ့တဲ့ ဇန်လ ၇ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

Related Stories