HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဓါတ်ပုံအဟောင်းကို ရခိုင်ကတိုက်ပွဲအဖြစ်ပြန်လည်ဖြန့်ဝေတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ တိုက်ပွဲသတင်း ဓါတ်ပုံဟောင်း တစ်ပုံကို အသုံးပြုပြီး ပြန်လည်ရေးသားဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 21 Oct 2020 11:56 AM GMT

အဆိုပါ သတင်းအမှားကို သူပုန်သျှေ သျှစ်တေသဇင်သျှေ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အောက်တိုဘာလ ၂၀ ရက်နေ့ ည ၆ နာရီ ၂၈ မိနစ်မှာ ရေးသားထားတာ ဖြစ်ပြီး ၎င်းရဲ့ ရေးသားမှုထဲမှာ တောင်ကုန်းတွေရှိတဲ့ ကားလမ်းမဘေးမှာ မီးလောင်နေတဲ့ စစ်ကား တစ်စီးရဲ့ ဓါတ်ပုံကို အသုံးပြုထားပါတယ်။ အဲ့ဒီ ဓါတ်ပုံနဲ့အတူ အောက်တိုဘာလ ၂၀ ရက်နေ့ အမ်းမှာ စစ်တပ်ရဲ့ ကား ၆ စီးကို ဖျက်ဆီးပစ်နိုင်ခဲ့တယ် ဖြစ်ကြောင်း "တေနိ 20-10-2020 အမ်းမာ ခွီးဂါရီ (6) စီး ဆွဲစား ပိတ်ဆိုကား ဝံလက်သျှေတိ" လို့ ရေးသားထားပါတယ်။

အဆိုပါ ဓါတ်ပုံထဲက မီးလောင်နေတဲ့ ကားဟာ စစ်သားတွေ၊ ရိက္ခာတွေ တင်ဆောင်လေ့ရှိကာ ယာဉ်တန်းနဲ့ သွားလေ့ရှိတဲ့ ကားအမျိုးအစားဖြစ်ပြီး ကားဘီးတွေဟာ လေမရှိတော့ဘဲ ကားခေါင်းခန်းနေရာက မီးလောင်နေပါတယ်။ ကားရဲ့ အနောက်ဘက်မှာတော့ စစ်သားတွေရဲ့ အသုံးအဆောင်ပစ္စည်း တချို့ ပြုတ်ကျပြီး ပြန့်ကျဲနေပါတယ်။ အဲ့ဒီ ဓါတ်ပုံကို တင်ထားတဲ့ အကောင့်ပိုင်ရှင်ရဲ့ မူရင်း ရေးသားမှုကို ဒီမှာ ကြည့်ပါ။

အဆိုပါ ဓါတ်ပုံအဟောင်းနဲ့ ပြန်လည် ရေးသားထားတဲ့ သတင်းအမှားကို ထပ်ဆင့်ဝေမျှသူ ၁၀၀၀ ကျော် ရှိနေပြီး Like လုပ်ထားသူ ၃၀၀ ကျော်ရှိကာ Comment ပေါင်း ၁၀၀ နီးပါး ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေထားတဲ့ ရခိုင်ပြည် အမ်းမြို့နယ်မှာ စစ်ကား ၆ စီးကို မီးရှို့ဖျက်ဆီး ခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က စစ်ဆေးတဲ့အခါ ရခိုင်ပြည်နယ်နဲ့မသက်ဆိုင်တဲ့ ပုံဟောင်းတစ်ပုံကို ပြန်လည်အသုံးပြုပြီးဖြန့်ဝေတာဖြစ်ကြောင်းတွေ့ရပါတယ်

၎င်း အသုံးပြုထားတဲ့ မူရင်းဓါတ်ပုံဟာ မေလ ၂၉ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း ပြည်ထောင်စုလမ်းမပေါ်က ကွတ်ခိုင်နဲ့ နမ့်ဖက်ကာ ကြားမှာ မူဆယ်ဘက်က ဆင်းလာတဲ့ တပ်မတော် ယာဉ်တန်းကို TNLA က မိုင်းခွဲ တိုက်ခိုက်ခဲ့စဉ်က ဓါတ်ပုံ ဖြစ်ပါတယ်။

အဆိုပါ ဓါတ်ပုံဟာ PSLF/TNLA (ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး / တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်) တို့ ထုတ်ပြန်ခဲ့တဲ့ ဓါတ်ပုံဖြစ်ပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မူဆယ်ဘက်က ဆင်းလာတဲ့ တပ်မတော် ယာဉ်တန်းကို TNLA အဖွဲ့က မိုင်းခွဲတိုက်ခိုက်တာကို အတည်ပြုထားသလို TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက တာဝန်ခံဗိုလ်မှူး မိုင်းအိုက်ကျော်က ဧရာဝတီ သတင်းဌာနကို တိုက်ပွဲ ဖြစ်ခဲ့ကြောင်း အတည်ပြုပြောကြားထားပါတယ်။

ဧရာဝတီသတင်းဌာနက သတင်းကို ဒီမှာ ကြည့်ပါ။


အဆိုပါ ဓါတ်ပုံဟာ မေလ လကုန်ပိုင်းက ရှမ်းပြည်မြောက်ပိုင်းမှာ TNLA အဖွဲ့နဲ့ တိုက်ပွဲဖြစ်စဉ်က ဓါတ်ပုံသာ ဖြစ်ပြီး ရခိုင်ပြည် အမ်းမြို့နယ်မှာ ဒီရက်ထဲ ဖြစ်ပွားခဲ့တဲ့ ဓါတ်ပုံလို့ ရေသားဖြန့်ဝေနေခြင်းဟာ သတင်းအမှား သက်သက်သာ ဖြစ်ပါတယ်။

Related Stories