HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

သမ္မတဦးဝင်မြင့်နဲ့ အခြားအကျဉ်းသားတစ်ဦး ထားဝယ်အကျဉ်းထောင်မှာ ကြိုးပေးခံရတယ်ဆိုတဲ့ သတင်းအမှား

ထားဝယ်အကျဉ်းထောင်မှာ အသတ်ခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား ကိုဝင်းသီဟနဲ့အတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ကြိုးပေး ကွပ်မျက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 30 March 2024 3:07 PM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MS Story (Myanmar) ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မတ် ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စိတ်ခိုင်ခိုင်ထားပြီး ကြည့်ကြပါ။ မဲလုံးအတည်ပြု (ရုပ်/သံ)။ သမ္မတကြီး ဦးဝင်မြင့်နှင့်အတူ အကျဉ်းသား ကိုဝင်းသီဟ ထားဝယ်အကျဉ်းထောင်မှာ ကြိုးပေးကွပ်မျက်' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ တစ်သိန်းကျော် ရှိနေပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

သမ္မတဦးဝင်မြင့်နဲ့ အခြားအကျဉ်းသားတစ်ဦး ထားဝယ်အကျဉ်းထောင်မှာ ကြိုးပေးခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ မတ်လ ၂၈ ရက်နေ့က ဖော်ပြထားတဲ့ 'ထားဝယ် အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ကိုဝင်းသီဟကို ရဲတပ်ဖွဲ့က အကျဉ်းထောင်အတွင်းမှ ခေါ်ထုတ် သတ်ဖြတ်၊ သေဆုံးမှုကို မိသားစုထံ အသိမပေးဘဲ ဖုံးကွယ်ထား' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။

ဒီသတင်းထဲမှာ သမ္မတဦးဝင်မြင့် ကြိုးပေးကွပ်မျက်ခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ ဒီသတင်းထဲမှာ ထားဝယ် အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ကိုဝင်းသီဟကို ရဲတပ်ဖွဲ့က အကျဉ်းထောင်ပြင်ပကို ခေါ်ထုတ်ပြီးနောက် အသတ်ခံလိုက်ရတဲ့ အကြောင်းအရာကို ရေးသားဖော်ပြထားတာပါ။


နိုင်ငံရေး အကျဉ်းသား ကိုဝင်းသီဟဟာလည်း ကြိုးပေးကွပ်မျက်ခံခဲ့ရတာ မဟုတ်ပဲ အကျဉ်းထောင်ပြင်ပသို့ ခေါ်ထုတ်စဉ် ထွက်ပြေးဖို့ကြံစည်တယ်ဆိုပြီး အကြောင်းပြကာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေး အကျဉ်းသား ကိုဝင်းသီဟရဲ့ ဖြစ်စဉ်အကြောင်း ရေးသားဖော်ပြထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။

Related Stories