HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

PDF နှစ်သိန်း နေပြည်တော်ကို သိမ်းနေပြီဆိုတဲ့ သတင်းအမှား

PDF တပ်ဖွဲ့ဝင် နှစ်သိန်း နေပြည်တော်ကို သိမ်းနေတယ်လို့ လူမှုမီဒီယာတွေပေါ် ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 14 July 2022 3:17 PM GMT

ဒီဖြန့်ဝေမှုကို Top Fan News ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီကျော်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေနေမှုတွေ အများအပြားလည်း ရှိနေပါတယ်။

သတင်းကို "July 11 ပြည်သူတွေ အမြန်ပြေးကြပါ။ PDF ၂ သိန်း နေပြည်တော်ကို သိမ်းနေလို့ပါ" လို့ ရေးသားကာ ၈ မိနစ်ကျော်ကြာတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့ အတူ ဖြန့်ဝေထားတာဖြစ်ပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

PDF တပ်ဖွဲ့ဝင် နှစ်သိန်း နေပြည်တော်ကို သိမ်းနေပြီလို့ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

ဒီအကြောင်းအရာကို စတင်ဖြန့်ဝေတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် လုပ်ကြံသတင်းတွေ မကြာခဏ ဖြန့်ဝေလေ့ရှိတဲ့ Page တွေဖြစ်တာကို တွေ့ရပါတယ်။


ဒီဖေစ့်ဘွတ်ပေချ့်မှာ သတင်းတု သတင်းမှားတွေ ဆက်တိုင်ဖြန့်‌ဝေနေတာ ဖြစ်ပြီး အထက်မှာ ဖေါ်ပြထားသလို "မအလ ရုရှားရောက်နေချိန် စိုးဝင်းအားကောက်သိမ်း" ဆိုတဲ့ သတင်းမှားမျိုးနဲ့ "မအလ ရုရှားရောက်နေတုန်း ဗိုလ်နဂါး အာဏာသိမ်းပြီ။ တိုင်းနဲ့ပြည်နယ် တိုင်းမှူးအားလုံး လက်နက်ချ အမိန့်နာခံဘက်ပြောင်းကုန်ပြီ" ဆိုတဲ့ အခြေအမြစ်မရှိတဲ့ သတင်းတွေကို နာရီပိုင်းသာ ‌ခြားပြီး ဖြန့်ဝေနေတာ ဖြစ်ပါတယ်။


Related Stories