HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အိုးဘိုထောင် မီးလောင်မူ အကျဉ်းသား ၂၀၀ ကျော် ထွက်ပြေးတယ်ဆိုတဲ့ သတင်းအမှား

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ မီးလောင်မှုဖြစ်ပွားပြီး အကျဉ်းသား ၂၀၀ ကျော် ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 24 Sept 2025 8:01 PM IST

ဒီအကြောင်းအရာကို Khit Thit Thadin ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာ ၂၀ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အိုးဘိုထောင် မီးလောင်မူ အကျဉ်းသား (၂၀၀) ကျော် ထွက်ပြေးလွှတ်မြောက်။ ခုလေးတင် အိုးဘိုထောင် မီးလောင်မူ အကျဉ်းသား(၂၀၀)ကျော် ထွက်ပြေးလွှတ်မြောက်၊(၈၆)ဦး ပြန်ဖမ်းခံရ' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အိုးဘိုထောင် မီးလောင်မူ အကျဉ်းသား ၂၀၀ ကျော် ထွက်ပြေးတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ Khit Thit Media မှာ စက်တင်ဘာ ၂၀ ရက်နေ့က ဖြန့်ဝေထားတဲ့ 'မန္တလေးအိုးဘိုထာင်တွင် ပေါက်ကွဲမှုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ထိခိုက်သေဆုံးခဲ့ရမှု အမှန်တကယ် ဖြစ် ပွားခဲ့ဟု PPNM က အစီရင်ခံစာ ထပ်မံထုတ်ပြန် အတည်ပြု' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

ဒီသတင်းထဲမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့က မန္တလေး အိုးဘိုထောင်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကြောင့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦးနဲ့ အခြားရာဇဝတ် အကျဉ်းသားအနည်းဆုံး ၄ ဦးသေဆုံးခဲ့ရကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၁၀ ဦးရှိတဲ့အနက် အရေးပေါ်ဆေးဝါးကုသမှု ခံယူနေရသူ ၅ ဦးရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ပြောကြောင်း၊ ပေါက်ကွဲမှုဖြစ်စဉ် သတင်းကို စစ်တပ်က ဩဂုတ်လ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ သတင်းမှား သာဖြစ်တယ်လို့ ဝါဒဖြန့်ခဲ့ကြောင်း ရေးသားထားတာပါ။

ဒီသတင်းထဲမှာ အိုးဘိုထောင် မီးလောင်မူ အကျဉ်းသား ၂၀၀ ကျော် ထွက်ပြေးတယ် ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

Khit Thit Media သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories