HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နေပြည်တော်မှာ အင်အားရစ်ချ်တာစကေး ၇.၅ အဆင့် ငလျင်လှုပ်ပြီး လူ ၄၈ ဦး သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

နေပြည်တော်မှာ အင်အားရစ်ချ်တာစကေး ၇.၅ အဆင့် ငလျင်လှုပ်လို့ စစ်ခေါင်းဆောင် တည်တဲ့ မာရဝိဇယ ဘုရား ၂ ခြမ်းကွဲပြီး ဘုရားဖူး ၄၈ ယောက် သေဆုံးခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 27 March 2026 8:42 PM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay KhitThit ဆိုတဲ့ Youtubte ချန်နယ်မှာ မတ်လ ၂၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ'နေပြည်တော် 7.5 ဖျက်အားငလျင်လှုပ်။ မာရဝိဇယ စေတီ-၂ခြမ်းကွဲနေ။ သမ္မတ လုပ်မည့် မင်းအောင်လှိုင် နိမိတ်ဆိုးနေပြီဟေ့ ဘရားဖူးတဲ့ ဝန်ထမ်း ၄၈ ဦး သေဆုံးမှု ဖြစ်ပွား' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

နေပြည်တော်မှာ အင်အားရစ်ချ်တာစကေး ၇.၅ အဆင့် ငလျင်လှုပ်ပြီး လူ ၄၈ ဦး သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ BBC Burmese သတင်းဌာနမှာ မတ်လ ၂၃ ရက်နေ့က ဖော်ပြထားတဲ့ 'နေပြည်တော်မှာ အင်အားပြင်းတဲ့ ငလျင်လှုပ်ခတ်သွား' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

ဒီသတင်းထဲမှာ ငလျင်ပြင်းအားကိုပြသတဲ့ အပလီကေးရှင်းတွေမှာ ပျဥ်းမနားကို ဗဟိုပြုလှုပ်သွားတဲ့ ငလျင်ရဲ့ အင်အားက မဂ္ဂနီကျု ၄ ဒသမ ၄ အဆင့်ရှိတယ်လို့ ပြောပြီး မိုးဇလကတော့ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိတယ်လို့ ထုတ်ပြန်ထားကြောင်း ရေးသားထားပါတယ်။

ဒီသတင်းထဲမှာ နေပြည်တော်မှာ အင်အားရစ်ချ်တာစကေး ၇.၅ အဆင့် ငလျင်လှုပ်လို့ စစ်ခေါင်းဆောင် တည်တဲ့ မာရဝိဇယ ဘုရား ၂ ခြမ်းကွဲပြီး ဘုရားဖူး ၄၈ ယောက် သေဆုံးခဲ့တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။

အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

BC Burmese သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ စစ်ခေါင်းတောင် တည်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ စတင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး စကျင်ကျောက်သားတန်ဖိုး မပါဝင်ဘဲ စုစုပေါင်းကုန်ကျစရိတ်အဖြစ် အမေရိကန်ဒေါ်လာသန်း ၃၀ ကနေ သန်း ၄၀ အထိ ရှိမယ်လို့ ခန့်မှန်းထားကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories