ဒီအကြောင်းအရာကို Mandalay khitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၁၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ကြားဖြတ်အစိုးရအသစ် NUG ကြေညာ။ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ နေရာယူပြီ။ သမ္မတအသစ်နဲ့ စစ်ဦးချုပ်အသစ်တို့ ကြေညာလိုက်ပြီ' ဆိုတဲ့ ခေါင်းစဉ်အတိုအစတွေကို ပေါင်းစပ်ပြီး ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အခုဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ မေလ ၁၅ ရက်နေ့က ဖော်ပြထားတဲ့ '၂၀၂၅ ခုနှစ်အတွင်း NUG ကို အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်အဖြစ် နိုင်ငံရေးနှင့် စစ်ရေး နောက်တစ်ဆင့် တက်ရန် ခေါင်းဆောင်များအားလုံး သဘောတူညီဟု NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး အသိပေး' ဆိုတဲ့နောက်ခံ စကားပြောနဲ့ သတင်းကို ခေါင်းစဉ်လွှဲပြီးဖြန့်ဝေထာတာဖြစ်ပါတယ်။
သတင်းထဲမှာ ၂၀၂၅ ခုနှစ်အတွင်း အမျိုးသာညီညွတ်ရေးအစိုးရ- NUG ကို အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်အဖြစ် နိုင်ငံရေးနှင့် စစ်ရေး နောက်တစ်ဆင့် တက်ဖို့ တိုင်းရင်းသားနဲ့ တော်လှန်ရေး ခေါင်းဆောင်တွေ အားလုံးသဘောတူညီထားပြီဖြစ်တယ်လို့ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြောဆိုတဲ့အကြောင်း ရေးသားထားတဲ့ သတင်းတစ်ပုဒ်ကို ကူးယူအသံသွင်းပြီးဖြန့်ဝေထားတာဖြစ်ပါတယ်။
ဒီသတင်းထဲမှာ ကြားဖြတ်အစိုးရအသစ် NUG ကြေညာတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ ဒီအကြောင်းအရာဟာ လက်ရှိ NUG အစိုးရက ကြေငြာထုတ်ပြန်ထားတဲ့ သတင်းတွေမှာလည်းပါဝင်ခြင်းမရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။