HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NUG နဲ့ စစ်ကောင်စီ ချင်းမိုင်မှာ တွေ့ဆုံညှိနှိုင်းတယ် ဆိုတဲ့ သတင်းအမှား

နှစ်သစ်ကူးညမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ စစ်ကောင်စီတို့ ချင်းမိုင်မှာ တွေ့ဆုံညှိနှိုင်းနေတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 3 Jan 2022 1:44 AM GMT

အဆိုပါ သတင်းအမှားကို Aung Naing Htwe ခေါ် ဂိုရှယ်လေး ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇန်နဝါရီလ ၁ ရက် မနက် ၁၂ နာရီ ၁၆ မိနစ်မှာ ရေးတင်ထားတာဖြစ်ပြီး ၎င်းသတင်းအမှားထဲမှာ "ပထမဆုံး အတိကျ နှစ်သစ်ကူးလက်ဆောင်သတင်းကောင်း နှစ်သစ်မှာ ငြိမ်းချမ်းပါစေ။ နစက နှင့် NUG တို့ ချင်းမိုင်မှာ ညှိနိုင်းကြပါတယ်ခင်ဗျာ။ GSL 100% 100% 100% 100% ပါ ခင်ဗျ။ အန်ယူဂျီ ဉီးရည်မွန်မှ ရရှိသတင်းမှန်ပါ။ သတင်းမှားလျင် တရားစွဲပါ။ အခုပင် ချင်းမိုင်မြို့ရဲ့ ဟိုတယ်တခုမှာဗိုလ်ချုပ်ယာပြည့်နဲ့ ချီးယား ကြပါတယ်။အားလုံးကို ကျေးဇူးတင်ပါတယ်။ဂိုလ်ရှယ်လေးမှတ်ချက်။ ။ ယခုပို့စ်အားလုံးလုံးဝ ဖျက်မည် မဟုတ်ပါ" လို့ ရေးထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၄၃၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၈၀၀ ကျော်ရှိကာ ကူးယူဖော်ပြသူတွေလည်း ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီ နဲ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ ချင်းမိုင်မှာ တွေ့ဆုံညှိနှိုင်းခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ သတင်းအမှားဖြစ်ကြောင်းပြန်လည်ဖြေရှင်းထားပါတယ်။ ဦးရည်မွန်ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်ကို ဒီမှာ ကြည့်ပါ။


သတင်းအမှားစဖြန့်ခဲ့တဲ့ Aung Naing Htwe ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ ဂိုရှယ်လေးဆိုတဲ့ နာမည်နဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေသူတစ်ဦးဖြစ်ပါတယ်။


Related Stories