HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကယားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၉၀ ကျော် ကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ ကယားပြည်နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၉၀ ကျော်ကို စစ်ကောင်စီတပ်တွေက ရှင်းပစ်ခဲ့တယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 2 Jun 2021 5:38 AM GMT

အဆိုပါ သတင်းအမှားကို စစ်တပ်ထောက်ခံတဲ့ ဖေ့စ်ဘွတ်ဂရုတွေ၊ ကြံခိုင်ရေးပါတီ ထောက်ခံသူတွေရှိတဲ့ ဖေ့စ်ဘွတ်ဂရုတွေထဲမှာ အကောင့်တုတွေနဲ့ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပြီး ၎င်းသတင်းအမှားထဲမှာ "ဒီမောဆို စခန်းမကျ ကျဆုံးသူမရှိ ဒဏ်ရာရသူအနည်းငယ်ရှိ။ အင်အားငါးရာကျော်ဝင်တိုတ်တာကို ရဲအရာရှိကိုသိန်းစိုး.ခုခံကာကွယ် 13နာရီအကြာထိ လူနှစ်ဆယ်ခန့်ဖြင့် ဒဏ်ရာရသူများစစ်ဆေးရုံပို့ထား ရန်သူအလောင်း 195လောင်းရ စစ်ကူလည်း ရောက်လာ ကိုသိန်းစိုးနှင့်တစ်ကွ ရဲဘော်များအား ဂုဏ်ပြုလိုက်သည်" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုပေါင်းများစွာနဲ့ ဖြန့်ဝေနေကြဆဲ ဖြစ်ပြီး မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီကို ထောက်ခံသူတွေဘက်က ရေးသားဖြန့်ဝေနေတဲ့ ကယားပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၁၉၀ ကျော် ကျဆုံးခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ဖို့ ကယားပြည်နယ်က သတင်းအမှားတွေကို စိစစ်ဖြေရှင်းပေးနေတဲ့ တကသ ကျောင်းသားဟောင်း တစ်ဦးကို ဆက်သွယ် မေးမြန်းကြည့်တဲ့အခါ သတင်းအမှားသာ ဖြစ်တယ်လို့ အတည်ပြုပါတယ်။

ကယားမှာ ကျဆုံးခဲ့သူ ၂၅ ယောက်ဝန်းကျင် ရှိပြီး ကျဆုံးခဲ့ရသူတွေထဲမှာ အပြစ်မဲ့ ပြည်သူတွေရော၊ KPDF ရော၊ ပရဟိတ လုပ်ငန်းလုပ်ဆောင်နေသူတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲနဲ့ နေအိမ်တွေပေါ် လက်နက်ကြီး ကျကာ စိုးရိမ်ဒဏ်ရာရထားသူတွေ ရှိတာကြောင့် ကိန်းဂဏာန်းအရ ၁ ယောက် ၂ ယောက်တော့ ကွာနိုင်တယ် လို့ ပြောပါတယ်။

စစ်ကောင်စီထောက်ခံသူတွေ ဝါဒဖြန့်ထားသလို ၁၉၀ ကျော် သေဆုံးခဲ့တယ် ဆိုတာ မဟုတ်ပါဘူး။ ဒါ့အပြင် အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခဲ့တာကို ရန်သူအလောင်း ၁၉၀ ကျော်လို့ ရေးသားထားတာကို တွေ့ရတဲ့အတွက် သွေးထိုးလှုံ့ဆော်မှုတွေ ပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။

Related Stories