HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မုံရွာအောင်ရှင်က အကြမ်းဖက်မှုတွေကို ရှုတ်ချတယ်လို့ ပြောတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီက လပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ NLD ပါတီ ပြန်ကြားရေးက မုံရွာအောင်ရှင် ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းမှာ သူနဲ့ပတ်သက်တဲ့ သတင်းအမှားတချို့လည်း ထွက်ပေါ်လာပါတယ်။

By - Boom Live Myanmar | 22 Oct 2021 9:11 AM GMT

အဆိုပါ သတင်းအမှားဟာ သတင်းစာမှာဖေါ်ပြထားတဲ့သတင်းပုံစံ ပြုလုပ်ထားပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ကြတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ထိန်းသိမ်းခံ မုံရွာအောင်ရှင် ပြန်လွတ်လာ၊ ပြင်ပတွင် အေးချမ်းစွာနေထိုင်လို၊ အကြမ်းဖက်မှုများကို ရှုတ်ချဟုဆို" လို့ ရေးသားထားပါတယ်။

သတင်းအမှားထဲမှာတော့ "နစက အစိုးရ ထိန်းသိမ်းထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်ဟာ ယမန်နေ့ ညနေပိုင်းမှာ ထိန်းသိမ်းခံထားရာက ပြန်လည်လွတ်မြောက်ချိန် တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ကျွန်တော်အိမ်ပြန်ရောက်ပါပြီ၊ ဖမ်းဆီးချုပ်နှောင်တဲ့ သဘောတော့ မဟုတ်ဘူး။ ထိန်းသိမ်းထားတဲ့ သဘောပါ၊ အစားအသောက်တွေလည်း ကောင်းကောင်း ကျွေးတယ်။ စစ်ဆရာဝန်တွေလည်း တစ်ပတ်တစ်ခါ လာကြည့်ပေးတာပေါ့။ ကိုဗစ်ဆေးလည်း သူတို့ပဲ ထိုးပေးတာ။ အိမ်မှာထက်တောင် လိုလေသေးမရှိ ဂရုစိုက်ကြပါတယ်။ ရိပ်သာမှာနေတဲ့အချိန် ဘာသာရေးတွေပဲ အများဆုံးလုပ်ဖြစ်တယ်။ ကျန်တာတွေတော့ ခေါင်းထဲမရှိတော့ဘူး။ (၈၈) တုန်းက ကြုံဘူးထားတယ်လေ။ အခု စစ်တပ်က အာဏာသိမ်းတာလည်း မဟုတ်ဘူး။ အာဏာထိန်းတဲ့ သဘောပေါ့။ သူတို့က ရွေးကောက်ပွဲ ပြန်လုပ်ပေးပြီး အာဏာပြန်လွှဲပေးမှာပါ။ အချိန်တစ်ခုတော့ စောင့်ရမယ်။ အကြမ်းဖက် လုပ်ရပ်တွေကိုတော့ ကျွန်တော်လည်း အားမပေးဘူး။ အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်လည်း မကြိုက်ဘူး" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ စစ်ကောင်စီထောက်ခံတဲ့ Group တွေထဲကို ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

သတင်းစာပါ သတင်းပုံစံ ဖြန့်ဝေထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်က အကြမ်းဖက်မှုတွေကို ရှုတ်ချတယ်လို့ ရေးထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ မုံရွာအောင်ရှင်ပြောဆိုထားခြင်းမရှိပဲရေးသားဖြန့်ဝေထားတာဖြစ်ကြောင်းတွေ့ရပါတယ်

မုံရွာအောင်ရှင်က ပြန်လည် လွှတ်မြောက်လာပြီးတဲ့အချိန်မှာ DVB သတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ ၎င်းရဲ့ နေအိမ်ကို ပြန်မရောက်သေးကြောင်း၊ လမ်းမှာသာ ရှိသေးကြောင်း၊ အင်းစိန်ထောင်မှာ ဖမ်းဆီးခံရခြင်း မဟုတ်ဘဲ မင်္ဂလာဒုံဘက်က စစ်ကြောရေးတစ်ခုမှာ ထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း၊ အိမ်ပြန်ရောက်ရင် အနားယူဖို့ လိုကြောင်း အဆိုပါ အင်တာဗျူးထဲမှာ ပြောဆိုထားပါတယ်။ ဒါပေမယ့် သတင်းအမှားဖြန့်သူတွေ ရေးသားထားသလို လိုလေးသေး မရှိထားတယ်လို့ ဖြေကြားထားခြင်း မရှိသလို စစ်တပ်က အာဏာထိန်းတာလို့လည်း မပြောထားပါဘူး။

ဒါ့အပြင် ရွေးကောက်ပွဲ ပြန်လုပ်ပေးဖို့လည်း ပြောထားခြင်း မရှိသလို အကြမ်းဖက်မှုတွေကို ရှုတ်ချတယ်လို့ ပြောကြားထားခြင်း မရှိပါဘူး။ DVB သတင်းဌာနက ပြုလုပ်ထားတဲ့ အင်တာဗျူးကို အောက်ပါ link မှာ ကြည့်ပါ။

ပြန်လည်လွတ်မြောက်လာသူ မုံရွာအောင်ရှင်နှင့် မေးမြန်းချက်

ဒီလို သတင်းစာပါ သတင်းပုံစံ ဖြန့်ဝေနေတဲ့ သတင်းတွေဟာ ဒီရက်ပိုင်းအတွင်း ဆက်တွက်ထွက်ပေါ်နေပြီး ဒီလို သတင်းအမှားဖြန့်တဲ့အဖွဲ့ကို လိုက်လံစစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တုတွေ၊ ပေ့ချ်အတုတွေကနေ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

Related Stories