HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကရင်ပြည်နယ်မှာ အသေးစားအနုမြူဗုံးကျဲတယ်ဆိုတဲ့ သတင်းအမှား

ကရင်ပြည်နယ်ကို စစ်ကောင်စီလေယာဉ်တွေ အသေးစားအနူမြူဗုံးကျဲလိုက်တယ်ဆိုပြီး ရေးသားထားတဲ့အကြောင်းအအရာတွေ ယခုရက်ပိုင်းအတွင်းဆက်တိုက်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 10 Jan 2022 2:57 PM GMT

သတင်းအမှားတွေ လုပ်ကြံရေးသားဖြန့်ဝေနေသူအများစုဟာ လူတွေထိတ်လန့်တကြားနဲ့ စိတ်ဝင်စားဖို့သက်သက်နဲ့ သူတို့ရဲ့ Youtube ချန်နယ်တွေပေါ်မှာကြည့်ရှုသူများဖို့ ဖန်တီးဖြန့်ဝေတဲ့အကြောင်းအရာတွေများပြားလာနေပါတယ်။

အခုဖြန့်ဝေနေတဲ့ "ကရင်ပြည်နယ်ကို စစ်ကောင်စီလေယာဉ်တွေ အသေးစားအနူမြူဗုံးကျဲလိုက်ပြီ" ဆိုတဲ့ သတင်းကို ကြည့်ပါ။ သတင်း ခေါင်းစဉ်ကြည့်ရုံနဲ့ လိမ်လည်ရေးသားထားတဲ့ သတင်းအတုဆိုတာ လူအများသတိပြုမိနိုင်ပေမယ့် လုပ်ကြံရေးသားသူတွေက ဖတ်ရှုသူတွေ အထိတ်တလန့်ဖြစ်ဖို့အတွက်နဲ့ မဖြစ်မနေဝင်ရောက်ကြည့်ရှုဖို့သာရည်ရွယ်ပြီးဖန်တီးလာကြတာကိုတွေ့ရပါတယ်။

ဖြန့်ဝေရာမှာ "ကရင်ပြည်နယ်ကို စစ်ကောင်စီလေယာဉ်တွေ အသေးစားအနူမြူဗုံးကျဲလိုက်ပြီ" ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့အတူ Youtube ဗီဒီယိုဖိုင် တစ်ခုပါဝင်ပါတယ်။

မူရင်းဖြန့်ဝေထားတဲ့ပို့စ်တွေကို  ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ကရင်ပြည်နယ်ကို စစ်ကောင်စီလေယာဉ်တွေ အသေးစားအနူမြူဗုံး ကျဲတယ်ဆိုတဲ့ဖြစ်စဉ်ဟာ အမှန်တကယ်ဖြစ်ပွားခဲ့ခြင်းမရှိပါဘူး။ ဖြန့်ဝေမှုမှာပါတဲ့ Youtube ဗီဒီယိုဖိုင်ကို စစ်ဆေးကြည့်ရှု့ရာမှာ Myanmar Knowledge ဆိုတဲ့ Youtube ချန်နယ်ကို ရောက်ရှိသွားပြီး သတင်းခေါင်းစဉ်မှာ ရေးသားထားတဲ့ "ကရင်ပြည်နယ်ကို စစ်ကောင်စီ လေယာဉ်တွေ အသေးစားအနူမြူဗုံး ကျဲလိုက်ပြီ" ဆိုတဲ့ စာသားနဲ့ ဆက်စပ်တဲ့ သတင်းအကြောင်းအရာ ပါဝင်ခြင်းမရှိပဲ အကြောင်းအရာနဲ့ လုံး၀မသက်ဆိုင်တဲ့အရာတွေကိုသာ ဗီဒီယိုထဲမှာထည့်သွင်းပြောဆိုထားတာတွေသာပါဝင်တာတွေ့ရပါလိမ့်မယ်။

ဒီလိုချန်နယ်တွေဟာ ပရိတ်သတ်ဆီက တုံ့ပြန်မှုတွေကို အရေးစိုက်ခြင်းမရှိပဲ Youtube က ဝင်ငွေရရှိဘို့ သက်သက် ကြည့်ရှု့သူတိုးလာဖို့သက်သက်သာ ရည်ရွယ်ဖန်တီးကြတာဖြစ်ပါတယ်။ 

Related Stories