HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

လောယာဉ်ဗုံးကြဲစဉ် လွိုင်ကော်အကျဉ်းထောင်ပွင့်ပြီး အကျဉ်းသားအားလုံးထွက်ပြေးတယ်ဆိုတဲ့ သတင်းအမှား

လွိုင်ကော်မှာ အာဏာသိမ်းစစ်ကောင်စီက လေယာဉ်နဲ့ ပစ်ခတ်မှုအတွင်း လွိုင်ကော်အကျဉ်းထောင် ဗုံးထိမှန်ကာ ထောင်ပွင့်ပြီး အကျဉ်းသားအားလုံး ထွက်ပြေးတယ်ဆိုတဲ့အကြောင်းအရာတွေလူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 14 Jan 2022 8:27 AM GMT

ကယားပြည်နယ်၊ လွိုင်ကော်မြို့ အကျဉ်းထောင်ဝန်းကျင်မှာ ယမန်နေ့ (ဇန်နဝါရီ ၁၂ ရက်) က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဉ်အသုံးပြု တိုက်ခိုက်ခဲ့တာတွေ ရှိပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လွိုင်ကော်မြို့ အကျဉ်းထောင်အတွင်း ဗုံးထိမှန်ပြီး အကျဉ်းထောင်ပွင့်ထွက်ကာ အကျဉ်းသားအားလုံး ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိလာပါတယ်။

ဖြန့်ဝေရာမှာ "အသစ်ခန့်လိုက်တဲ့ လေတပ်ချုပ်ရဲ့အစွမ်း အံ့မခန်းပါဘဲလား။ ယနေ့ကယား လေယာဉ်ငါးစီးနဲ့ ဗုံးကြဲ။ အကျဉ်းထောင်ပေါ်က ဗုံးကြဲချလို့ ထောင်ပွင့်ထွက်ပြီး အကျဉ်းသားများအားလုံး ထွက်ပြေး" ဆိုပြီး ရေးသားထားတာပါ။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ သတင်းနဲ့ ပါတ်သတ်ပြီး The Irrawaddy သတင်းဌာနမှာ ဖော်ပြထားချက်အရ ယမန်နေ့က လွိုင်ကော်အကျဉ်းထောင် ဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီက လေယာဉ်အသုံးပြုတိုက်ခိုက်ခဲ့ရာမှာ ထောင်အတွင်း ဗုံးထိမှန်ခဲ့တယ်ဆိုပေမယ့် လူမှုမီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေနေသလို ထောင့်ပွင့်ထွက်ပြီး အကျဉ်းသားတွေ ထွက်ပြေးကုန်ပြီဆိုတာ မဟုတ်ဘူးဆိုပြီး ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) က ပြောကြားကြောင်း ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် အကျဉ်းဦးစီးဌာန တာဝန်ရှိသူတဦးကလည်း လူထိခိုက်ဒဏ်ရာမှု ရရှိမှုမရှိကြောင်းနဲ့ ကြီးကြီးမားမား ပျက်စီးတာလည်း မရှိကြောင်း ပြောထားတယ်လို့ ရေးသားဖော်ပြထားပါတယ်။


သတင်းမှာဖော်ပြထားချက်အရ ဇန်နဝါရီ ၁၂ ရက်၊ နံနက် ၁၁ နာရီခွဲခန့်မှာ လွိုင်ကော်ထောင်အနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်တွေကို ဒီမော့ဆို-PDF၊ KDF နဲ့ GZ 21 ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ၁ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးကြောင်းနဲ့ ပူးပေါင်းတပ်တွေဘက်မှာ ထိခိုက်မှုမရှိပဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ရေးသားဖော်ပြထားပါတယ်။

သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories