HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဆားလင်းကြီးမြို့နယ်မှာ ပြည်သူ ၁၄ ယောက်ကို KIA/PDF က ဖမ်းဆီး ဆိုတဲ့ သတင်းအမှား

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ပြည်သူ့စစ်(ပျူစောထီး) ၁၄ ဦး ဖမ်းဆီးခံရတဲ့ဖြစ်စဉ်ကို ရိုးရိုးသာမန် ပြည်သူ ၁၄ ယောက်ကို KIA/PDF က ဖမ်းဆီးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 31 Aug 2023 6:26 AM GMT

ဒီအကြောင်းအရာကို စစ်တပ်လော်ဘီလုပ်ကာ သတင်းအမှားတွေ ဆက်တိုက် ရေးသားဖြန့်ဝေနေတဲ့ ဇွဲ ဇာနီ ဆိုတဲ့ ဖေစ့်ဘွတ် အကောင့်မှာ ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ မျက်နှာအဝတ်နဲ့ စည်းခံထားရတဲ့ လူ ၁၄ ယောက် ဓာတ်ပုံနဲ့အတူ ‘အကြမ်းဖက်သမားတွေကို မေတ္တာထားနေသရွေ့ ပြည်သူတွေ ပေးဆပ်နေကြရမှာ ဖြစ်တယ်။ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၌ ပြည်သူ ၁၄ ယောက်ကို KIA/PDF က ဖမ်းဆီး ထားသည်’ လို့ ရေးသားထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေ သဘောကျ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

အခုဖြစ်စဉ်ဟာ စစ်ကိုင်းတိုင်ဒေသကြီး၊ ဆားလင်းကြီးမြို့နယ်က လမ်းပိုင်းတနေရာမှာ ဩဂုတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ တာဝန်ထမ်းဆောင်ဖို့ ဧရာဝတီတိုင်းကနေ လာရောက်တဲ့ ပြည်သူ့စစ် (ပျူစောထီး) ၁၄ ဦးကို လမ်းပိုင်းတနေရာမှာ တွေ့ရှိ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စစ်ဆေးချက်အရ ဧရာဝတီတိုင်း‌၊ သာပေါင်းမြို့နယ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် သင်တန်းဆင်းတွေဖြစ်တယ်လို့ Chindwin Galone Yarzar Guerrilla Defense Force မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံထားရသူတွေရဲ့ ထွက်ဆိုချက်အရ ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နဲ့ ပူးတွဲဆောင်ရွက်နေတဲ့ ဦးပိုင်‌ ကြေးနီ စီမံကိန်းမှာ တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိလာတာဖြစ်ကြောင်းနဲ့ ကုမ္မဏီအတွင်းရောက်ပါက သင်တန်းထပ်မံတက်ရောက်ရမှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


စစ်ကောင်စီထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ပိုစ့်တွေမှာ မျက်နှာအဝတ်နဲ့ စည်းခံထားရတဲ့ လူ ၁၄ ယောက် ဓာတ်ပုံသာ ဖော်ပြထား ပေမယ့် CGYDF-ချင်းတွင်းဂဠုန်ရာဇာတပ်ဖွဲ့က ဖော်ပြထားမှုတွေမှာတော့ ‘အနောက်တောင်တိုင်း စစ်ဌာနချုပ်’ အမှတ်အသားပါ ကတ်ပြားတွေကိုင်ဆောင်ထားသူတွေရဲ့ ဓာတ်ပုံတွေပါ ဖော်ပြထားတာ တွေ့ရပါတယ်။

CGYDF ရဲ့ ထုတ်ပြန်မှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

ဦးပိုင်ကြေးနီကုမ္မဏီဟာ ပြည်သူပိုင်မြေယာတွေကို စစ်ကောင်စီနဲ့ ပူးပေါင်းပြီး မတရားသိမ်းယူနေတဲ့အပြင် စစ်ကြောင်းတွေ ဝင်ရောက်လာချိန်မှာလည်း စားသောက်နေထိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် စစ်တပ်လက်အောက်ခံ ဖေစ့်ဘွတ်ပေချ့်တွေ၊ အကောင့်တွေကနေ ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေဖြစ်ပြီး တော်လှန်ရေးကို ပုံဖျက်ပြီး အင်အားချည့်နဲ့စေဖို့ တမင်လုပ်ကြံ ရေးသားထားတာ ဖြစ်တဲ့အတွက် သတိထားဖို့ လိုပါတယ်။

Related Stories