HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

KIA တပ်မဟာ ၉ ကျရှုံးသွားပြီဆိုတဲ့ သတင်းအတု

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ တပ်မဟာ ၉ ကျဆုံးသွားပြီဆိုတဲ့ သတင်းအတုတွေဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 30 Nov 2021 11:44 AM GMT

အဆိုပါ သတင်းအမှားကို ဦးမင်းသင်္ချာ နေပြည်တော် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၁ မိနစ်မှာ ရေးတင်ခဲ့တာ ဖြစ်ပြီး ၎င်းသတင်းအမှားထဲမှာ "KIA တပ်မဟာ ၉ ကျရှုံးသွားပါဘီ ပြေးချိန်တောင် မရလိုက်ဘူးဟု သိရပါတယ် ပြည်ထောင်စု မြန်မာ့တပ်မတော် တပ်မ ၈၈ ကတွယ်လိုက်တာပါ။ KIA အလောင်း ၂၀၀ ကျော် လက်နက်မျိုးစုံ ၃၀၀ ကျော်ရရှိပါသည်။ Mi 35 အပြင် အိုးစည် ဒိုးပတ်များဖြင့် ပစ်ကူယူ ချေမှုန်း လိုက်ခြင်းဖြစ်ပါသည်။ Mig တောင် မပစ်လိုက်ရ . အရမ်းပျော့တဲ့ KIA သူပုန်များအား နာရီပိုင်းအတွင်း ချေမှုန်းသော တပ်မ ၈၈ အား ဂုဏ်ပြု ပေးလိုက်ကြပါဦး" လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၆၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ ကျော်ရှိကာ ကူးယူဖော်ပြသူများစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၉ ကျဆုံးသွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။

အဆိုပါ သတင်းအမှား မထွက်ပေါ်ခင် နိုဝင်ဘာလ ၁၇ ရက်နေ့ခန့်ကလည်း KIA တပ်ရင်း ၁၂ ကျတယ် ဆိုတဲ့ သတင်းအမှားတွေ ဖြန့်ခဲ့ပါတယ်။ ၎င်းသတင်းအမှားနဲ့ ပတ်သက်ပြီး KIO/KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး ကြီး နော်ဘူက Mizzima သတင်းဌာနကိုသတင်းအမှားဖြစ်ကြောင်း ဖြေကြားထားပါတယ်။ Mizzima က သတင်းကို ဒီ Link မှာ ဖတ်ပါ။

အခု စစ်ကောင်စီထောက်ခံသူတွေ ဖြန့်နေတဲ့ KIA တပ်မဟာ ၉ ကျဆုံးတယ် ဆိုတဲ့ အကြောင်းအရာဟာလည်း ဝါဒဖြန့်ချိထားတဲ့ သတင်းအမှားသက်သက်သာ ဖြစ်ပြီး လက်ရှိကာလအထိ KIA ရဲ့ မည်သည့် တပ်မဟာမှ ကျရှုံးခြင်းမရှိပါဘူး။

Related Stories