HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အင်းစိန်ထောင် ပွင့်ပြီး အကျဉ်းသားအကုန် လွတ်သွားတယ်ဆိုတဲ့ သတင်းအမှား

ရန်ကုန်မြို့ရှိ အင်းစိန်ထောင်ပွင့်ကာ ထောင်မှူးအပါအဝင် ရဲနှစ်ရာကျော် အသတ်ခံရပြီး အကျဉ်းသားအကုန်လွတ်သွားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 27 Feb 2024 10:35 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ 'သ တင်း စုံ' ဆိုတဲ့ Youtube ချန်နယ် တစ်ခုမှာ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၂ မိနစ် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အင်းစိန်ထောင် အုန်းခနဲ့ပဲ တံခါးပွင့်ထွက်။ ထောင်မှူးနှင့် ရဲ ၂၀၀ ကျော် အသတ်ခံရ။ ညတွင်းချင်း အကျဉ်းသားအကုန်လုံး လွတ်မြောက်သွားပြီ' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ ရှစ်သောင်းနီးပါး ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အင်းစိန်ထောင် ပွင့်ပြီး အကျဉ်းသားအကုန် လွတ်သွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတာနီးရဲ့ အင်တာဗျူးဖြေကြားတဲ့ ရုပ်သံဖိုင်တစ်ခုကို ကူးယူပြီး ခေါင်းစဉ်ပြောင်းရေးသားထားတာ ဖြစ်ပါတယ်။

အင်းစိန်ထောင် ဗုံးခွဲခံရတယ်၊ ဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်၊ ထောင်မှူးသေဆုံးတယ်ဆိုတဲ့ သတင်းအမှားတွေကို မကြာခန ဖြန့်ဝေနေမှုတွေ ရှိနေပြီး BOOM က သတင်းဆန်းစစ်မှုတွေ ကြိမ်ဖန်များစွာ ပြုလုပ်ထားပါတယ်။


BOOM ရဲ့ သတင်းဆန်းစစ်ထားမှုတွေကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသား ထားတဲ့ သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories