BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • အင်းစိန်ထောင် ဒရုန်းနဲ့...
      သတင်းအတု

      အင်းစိန်ထောင် ဒရုန်းနဲ့ တိုက်ခိုက်ခံရမှု ထောင်မှူးအပါ လူ ၁၁ ဦးသေဆုံးဆိုတဲ့ သတင်းအမှား

      အင်းစိန်ထောင်ဂိတ်ပေါက်ကို ဒရုန်း ၃ စီးနဲ့ တိုက်ခိုက်ခဲ့ရာ ထောင်မှူးအပါအဝင် ထောင်စောင့် ၁၁ သီး သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  22 Jun 2023 2:07 PM IST
    • အင်းစိန်ထောင် ဒရုန်းနဲ့ တိုက်ခိုက်ခံရမှု ထောင်မှူးအပါ လူ ၁၁ ဦးသေဆုံးဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ JONI 1 ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဇွန်လ ၂၁ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၂၆ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘အင်းစိန်ထောင် ဂိတ်ပေါက် ဒရုန်း (၃) စီးနဲ့တိုက်။ လူမိုက်ထောင်မှူး အပါ ထောင်စောင့် ခွေး (၁၁) ကောင် သေဆုံးသွား’ လို့ ရေးသားထားပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗွီဒီယိုဟာ အင်းစိန်၊ လှိုင်သာယာ၊ မြောက်ဒဂုံနဲ့ မြောက်ဥက္ကလာ တို့မှာ ဗုံးတွေပေါက်ကွဲတယ်ဆိုတဲ့ တခြားသတင်းဌာန တွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ဗွီဒီယိုဖိုင်တွေသာ ဖြစ်ပါတယ်။ ဒီထဲမှာ အင်းစိန်ထောင် ဂိတ်ပေါက်ကို ဒရုန်း ၃ စီးနဲ့ တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ထောင်မှူးသေဆုံးတယ်ဆိုတဲ့ အကြောင်းလည်း မပါဝင်ပါဘူး။

      သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုမှု များအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့တွေဖြစ်တာကို တွေ့ရပါတယ်။

      Tags

      အင်းစိန်ထောင်ပေါက်ကွဲdrone attackInnsein Prison attackedFakenewsFalsenewsClick baitsbomb blast
      Read Full Article
      Claim :   အင်းစိန်ထောင်ဂိတ်ပေါက်ကို ဒရုန်း ၃ စီးနဲ့ တိုက်ခိုက်ခဲ့ရာ ထောင်မှူးအပါအဝင် ထောင်စောင့် ၁၁ သီး သေဆုံးတယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!