HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နွေဦးတော်လှန်ရေးမှာ မပါဝင်တဲ့ အဖွဲ့တွေကို ဖျက်သိမ်းဖို့ ဒေါက်တာဇော်ဝေစိုး မပြောပါ

နွေဦးတော်လှန်ရေးမှာ မပါဝင်တဲ့ ရခိုင်တပ်တော်အပါအဝင် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ကို အရေးယူပြီး ဖျက်သိမ်းမယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 10 Jan 2022 3:03 PM GMT

အဆိုပါ သတင်းအမှားကို နစက အစိုးရအာဏာထိန်းတာကိုထောက်ခံသူများ ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်မှာ ရေးတင်ထားတာဖြစ်ပြီး ၎င်း သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ရခိုင့်တပ်မတော်အပါ နွေဦးတော်လှန်ရေးတွင်မပါသော လက်နက်ကိုင်အဖွဲ့၅ဖွဲ့ကို ဥပဒေနဲ့အညီအရေးယူပြီးလက်နက် ဖျက်သိမ်းမည်ဟု ဒေါက်တာဇော်ဝေစိုး ပြောကြား" လို့ ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။

၎င်း သတင်းအမှားရဲ့ အတွင်းမှာတော့ "နွေဦးတော်လှန်ရေးမှာမပါတဲ့ရခိုင့်တပ်မတော်အပါအဝင်လက်နက်ကိုင်အဖွဲ့၅ဖွဲ့ကိုဥပဒေနဲ့အရေးယူပြီးလက်နက်ဖျက်သိမ်းမည်ဟုဒေါက်တာဇော်ဝေစိုးက Video Call ကနေတဆင့်ပြောကြားခဲ့သည် ဒေါက်တာဇော်ဝေစိုးကိုဆက်သွယ်မေးမြန်းရာတွင်ဒေါက်တာဇော်ဝေစိုးက 'အခုနွေဦးတော်လှန်ရေးမှာ မပါတဲ့အေအေနဲ့တခြားအဖွဲ့၅ဖွဲ့အားလုံးပေါင်း၆ဖွဲ့ကိုကျွန်တော်တို့ဥပဒေနဲ့အညီအရေးယူပြီးသွားတာနဲ့လက်နက်ဖျက်သိမ်းခိုင်းမှာပါ လက်နက်မဖျက်သိမ်းရင်တော့ နိုင်ငံတော်ပုန်ကန်မှုနဲ့ သူတို့တွေကို တရားစွဲပြီးထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးသွားမှာပါ" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။ အဆိုပါ သတင်းအမှားကို နစက အစိုးရအာဏာထိန်းတာကိုထောက်ခံသူများ ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ ထပ်ဆင့်ဝေမျှသူတွေ ရှိသလို ကူးယူဖော်ပြနေသူတွေလည်း ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

တော်လှန်ရေးမှာ မပါဝင်တဲ့ ရခိုင့်တပ်တော် အပါအဝင် တစ်ခြား လက်နက်ကိုင် ၅ ဖွဲ့ကို ဥပဒေအရ အရေးယူပြီး ဖျက်သိမ်းမယ်လို့ ဒေါက်တာဇော်ဝေစိုး ပြောကြားထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအမှား ဖြစ်ကြောင်းတွေ့ရပါတယ်။

ဒေါက်တာဇော်ဝေစိုးဟာ နွေဦးတော်လှန်ရေးမှာ မပါဝင်တဲ့ လက်နက်ကိုင်တွေနဲ့ ပက်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးထားခြင်း မရှိသလို မည်သည့်သတင်းဌာနကမှလည်း အဆိုပါ အကြောင်းအရာကို ရေးသားဖော်ပြထားခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားသက်သက်သာ ဖြစ်ပါတယ်။

NUG က တာဝန်ရှိသူတွေဟာ နွေဦးတော်လှန်ရေးမှာ ပါဝင်ဖို့ လက်နက်ကိုင်တွေ အားလုံးကို ကမ်းလှမ်းဖိတ်ခေါ်ပြီး ချိတ်ဆက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ရက္ခိုင့်တပ်တော် AA ကတော့ ၎င်းတို့ရဲ့ ရက္ခိတ လမ်းစဉ်ကို ဆက်လက်လျှောက်လမ်းဖို့ NUG ရဲ့ ကမ်းလှမ်းဖိတ်ခေါ်မှုကို ပူပေါင်းခဲ့ခြင်း မရှိပါဘူး။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က ၎င်းရဲ့ Twitter ပေါ်မှာ "ငါ ရို့ကို ဂရုတစိုက်နန့်ခေါ်ခဘာရေ။ ကိုယ့်ရပ်တည်ချက်နန့်ကိုယ် မပါလိုက်စွာရာ ။ ယင်းသူရို့ကို အပြစ်ပြောစရာမလိုအပ်ပါ" လို့ ရေးတင်ခဲ့ပါတယ်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် Twitter ပေါ် ရေးသားထားတဲ့ အကြောင်းအရာကို ဒီမှာ ဖတ်ပါ။


ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA တို့ လက်တလော တိုက်ပွဲတွေ ဖြစ်ပွားခြင်း မရှိပေမယ့် ရှမ်းပြည်မြောက်ပိုင်းက ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်တော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်တော် (TNLA)နှင့် ရက္ခိုင်တပ်တော် (AA) တို့နဲ့ ကွတ်ခိုင်ဘက်မှာ မကြာခဏ တိုက်ပွဲ ဖြစ်ပွားလေ့ရှိပါတယ်။

ရှမ်းမြောက်မှာ AA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ဖြစ်ပွားတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။

သတင်းအမှားတင်တဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီတပ်တွေကို ထောက်ခံအားပေးတဲ့ သတင်းတွေတင်ပြီး NUG နဲ့ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ ဝါဒဖြန့် သတင်းအမှားတွေ မကြာခဏ တင်လေ့ရှိတာကို တွေ့ရပါတယ်။

Related Stories