HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြန်လည်ထားတယ်ဆိုတဲ့ သတင်းအမှား

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်နေအိမ် ပြန်လည်ရောက်ရှိတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 21 April 2023 5:57 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Page 191 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၄ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘ယနေ့အတွက် သတင်းထူးကြီး စကစကြေငြာ၊ အမေစု နေပြည်တော် နေအိမ် ပြန်လည်ရောက်ရှိ’ လို့ ရေးသားထားပါတယ်။

ဗွီဒီယိုဖိုင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ယနေ့မှာပဲ အကျဉ်းဦးစီးချုပ်ကနေ နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲသတ်မှတ်လိုက်ပြီလို့ အမိန့်ချလိုက်တာဖြစ်ကြောင်း၊ ပြောင်းလဲမှုတွေ ဖြစ်လာလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေက ပြောကြားလိုက်ပြီဖြစ်ကြောင်း စတဲ့ အကြောင်းအရာတွေအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြား ပုဂ္ဂိုလ်ရေး အကြောင်းအရာတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အခုဖြန့်ဝေနေတာတွေဟာ အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေဘို့ တမင်ရည်ရွယ် ရေးသားထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သူမရဲ့ နေအိမ်မှာ ပြန်လည်ရွှေ့ပြောင်းထားလိုက်တယ်ဆိုတဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှာသာ ဆက်လက်ထားရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတယ်လို့ ယုံကြည်ရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။


BBC သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းအရ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ကို ရွှေ့ပြောင်းမထားဘူးလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန်ရေးအဖွဲ့ ဗိုက်ဘာဂရုထဲက မေးမြန်းချက်ကို ပြန်လည်ဖြေကြားထားကြောင်း၊ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကို စုံစမ်းရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အချုပ်ထောင်မှာသာ ဆက်ရှိနေပြီး ဘယ်ကိုမှ ရွှေ့ပြောင်းခြင်းမရှိဘူးလို့ သိရကြောင်း ရေးသားထားပါတယ်။

သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုနဲ့ ထောင် ၃၃ နှစ်ချမှတ်ထားတာပါ။ အမှုတွေအားလုံးရဲ့ အမိန့်တွေကို ဒေါ်အောင်ဆန်းစုကြည်ဘက်က အယူခံတင်သွင်းခဲ့ရာမှာ အမှုတချို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဧပြီလ ၁၉ ရက် လက်ခံခဲ့ပါတယ်။

Related Stories