HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဖားပြုပ်အကိုက်ခံရပြီး အမျိုးသမီးတစ်ဦး သေဆုံးတယ်ဆိုတဲ့ သတင်းအတု

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်က ရွာမှာ ထမီအောက်ဝင်နေတဲ့ ဖားပြုပ်အကိုက်ခံရပြီး အမျိုးသမီးတစ်ဦး သေဆုံးတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေတဲ့အကြောင်းအရာတစ်ခုပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 23 May 2022 4:03 PM GMT

ဒီသတင်းကို မေလ ၁၅ ရက်နေ့နောက်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ အကုန်သိသတင်းဌာနရဲ့ သတင်းလို့ ညွှန်းဆိုကာ "ဖျာပုံမြို့နယ်က ရွာမှာ အမျိုးသမီးတစ်ဦးကို ထမီအောက်မှာ ဝင်နေတဲ့ ဖားပြုပ်ကိုက်လို့ သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ အမျိုးသမီးက သူ့ထမီအောက်မှာ အကောင်တစ်ကောင်ရှိတယ်လို့ ပြောတဲ့အတွက် ခင်ပွန်းဖြစ်သူက လှန်ကြည့်ရာမှာ ဖားတစ်ကောင်ထွက်လာကြောင်း၊ ခဏအကြာမှာ တင်ပါးမှာ စပ်ဖျင်းဖျင်းဖြစ်ပြီး သွေးစို့ကာ အဖုနှစ်လုံးထွက်လာကြောင်း၊ အမျိုးသမီးက အောင့်တယ်ပြောတဲ့အတွက် ဖျာပုံပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရာမှ ဖားအဆိပ်တက်ပြီး ဧပြီလ ၁၇ ရက်နေ့ ညပိုင်းမှာ သေဆုံးသွားခဲ့ရကြောင်း၊ မသေဆုံးမီ ရင်ပူခြင်း၊ အော့အန်ခြင်း၊ ခေါင်းမူး၊ မျက်စိပြာ၊ နာခေါင်းအဝမှ အမြှုပ်များထွက်ခြင်းတို့ ရှိခဲ့ကြောင်း" တွေ ရေးသားထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီသတင်းနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံရှိ မြွေမျိုးစိတ်တွေကို ခွဲခြမ်းလေ့လာပြီး မြွေတွေအကြောင်း အသိပညာ မျှဝေပေးတဲ့ Snake Of Myanmar ဆိုတဲ့ ဖေစ့်ဘွတ်ဂရုမှာ အဖွဲ့ဝင်တွေတစ်ဦးက ပိုစ့်တင်မေးမြန်းမှုကို ဂရုရဲ့ တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားထားရာမှာ "ဖားပြုတ်တွေဟာ အန္တရာယ်မရှိကြောင်း၊ လူကိုကိုက်ဖို့သွားတွေ မရှိသလို အကိုက်ခံရရင်လည်း နာကျင်ခြင်းမရှိသလို လုံးဝသေဆုံးခြင်း မရှိကြောင်း၊ ဖားပြုတ်တွေက ခန္တာကိုယ်အဆိပ်အတောက်တော့ ထုတ်နိုင်တဲ့အတွက် စားမိတာတို့ လျှာနဲ့ လျက်မိတာတွေ ပြုလုပ်ရင်တော့ အဆိပ်သင့်နိုင်ကြောင်း၊ ကလေးတွေကို ဖားပြုတ်တွေ့ရင် လက်ဗလာနဲ့ ကောက်မကိုင်ဖို့နဲ့ လျှာနဲ့မလျက်ဖို့ သင်ပေးထားရင် ဘာအန္တရာယ်မှ မရှိကြောင်း" ပြန်လည်ဖြေကြားထားပါတယ်။


Snake Of Myanmar ဖေစ့်ဘွတ်ဂရုဟာ မြွေတွေနဲ့ ပတ်သတ်တဲ့ အမျိုးအစားခွဲပေးခြင်း၊ မြွေကိုက်ခံရတဲ့ လူနာအတွက် ရှေးဦးသူနာပြုနည်းတေွ မျှဝေခြင်း၊ မြွေအကြောင်း အသိပညာမျှဝေခြင်း၊ မြွေများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအပြင် မြွေနဲ့ ပတ်သတ်တဲ့ သင်တန်းပေးခြင်းတွေ ကိုလည်း ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ဒါ့အပြင် ဒီသတင်းဟာ ၂၀၁၈ ခုနှစ် ဧပြီ ၁၈ ရက်နေ့က Lwin Oo ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖြန့်ဝေထားတဲ့ ပိုစ့်အဟောင်း တစ်ခုသာ ဖြစ်ပါတယ်။


ပိုစ့်ကို ဒီနရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Related Stories