HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဆန္ဒပြအမျိုးသမီးတစ်ဦးကို အဓ္ဓမပြုကျင့်တယ်ဆိုတဲ့ သတင်းအတု

ထားဝယ်ခရိုင် လောင်းလုံမြို့မှာ ဆန္ဒပြ အမျိုးသမီးတစ်ဦးကို ၎င်းနဲ့အတူ ဆန္ဒပြတဲ့ အမျိုးသားသုံးဦးက အဓ္ဓမပြုကျင့်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ်ကိုယခုရက်ပိုင်းအတွင်းဖြန့်ဝေလာပါတယ်။

By - Boom Live Myanmar | 13 May 2022 7:56 AM GMT

အဆိုပါ သတင်းအတုကို ဆရာပေါ်ဦးဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က မေလ ၁၀ ရက်နေ့ မနက် ၁၀ နာရီ ၄၅ မိနစ်မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအတုထဲမှာ "လောင်းလုံတွင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြသည့် အမျိုးသမီးတစ်ဦးကို ၎င်းနှင့်အတူတူ ဆန္ဒပြနေတဲ့ အမျိုးသား(၃)ဦးမှ အဓမ္မကျင့်မှုဖြစ်ပွားခဲ့သည့်အတွက် အဆိုပါအမျိုးသမီးမှ စစ်အာဏာရှင် လက်အောက်ခံ ရဲတွေထံ သွားရောက်အမှုဖွင့်ကြောင်းသိရ" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

အဆိုပါ သတင်းအတုကို Like လုပ်ထားသူ ၂၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူတွေ များစွာရှိကာ တစ်ခြားဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာကလည်း ကူးယူဖော်ပြနေကြပါတယ်။

သတင်းဆန်းစစ်ချက်

ထားဝယ်ခရိုင် လောင်းလုံမြို့က စစ်အာဏာဆန့်ကျင်ရေးဆန္ဒပြတဲ့ အမျိုးသမီး ၁ ဦးကို ၎င်းနဲ့ အတူဆန္ဒပြတဲ့ အမျိုးသား ၃ ဦးက အဓ္ဓမပြုကျင့်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဒီဖြစ်စဉ်အမှန်တကယ်ဖြစ်ပွားခဲ့ခြင်းရှိမရှိဆိုတဲ့အချက်ကိုဆန်းစစ်ရာမှာ မူရင်းပို့စ်တွေကရေးသားမှုအရ ဖြစ်ပွားတဲ့၊ နေ့ရက်၊ အချိန် စတာတွေကိုထည့်သွင်းထားခြင်းမရှိပဲ အဲ့ဒီသတင်းကို ဘယ်ကရတယ်ဆိုတဲ့သတင်းအရင်းမြစ်လည်းပါဝင်တာမတွေ့ရပါဘူး။ဒီလိုအကြောင်းအရာတွေဟာ စစ်အုပ်စုနဲ့ဆက်စပ်ပတ်သက်တဲ့ အကောင့်တုတွေက မကြာခဏဖန်တီးလေ့ရှိတဲ့ သတင်းတုမျိုးသာဖြစ်ပါတယ်။

ဒီဖြစ်စဉ်ဟာ ထားဝယ်ခရိုင်မှာရော မည်သည့်နေရာမှာမှ ဖြစ်ပွားခဲ့ခြင်း မရှိသလို မည်သည့် သတင်းမီမီယာမှာမှလည်း ဖော်ပြထားခြင်း မရှိပါဘူး။ ထားဝယ်ခရိုင် လောင်းလုံမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ်တဲ့အခါမှာ လူ ၃/၄ ဦးနဲ့ ပြုလုပ်ကြတာ မဟုတ်ပါဘူး။ လူဦးရေ ရာဂဏာန်းလောက်နဲ့ စုရုံးပြီး ချီတက် ဆန္ဒပြကြတာ ဖြစ်ပါတယ်။ ထားဝယ်ခရိုင်လောင်းလုံမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး လုပ်ရှားမှုတွေကို ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဖြစ်တဲ့ Democracy Movement Strike Committee-Dawei မှာ ဝင်ရောကြည့်ရှု့နိုင်သလို လူဦးရေ ရာဂဏာန်းခန့် ဆန္ဒပြချီတက်ကြတဲ့ သတင်းတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။


သတင်းအတုဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်တုတွေဖြစ်တာကို တွေ့ရပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ရှားသူတွေကို သတင်းအမှားတွေနဲ့ လုပ်ကြံတိုက်ခိုက်နေတာကို တွေ့ရပါတယ်။

 




Related Stories