HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

VIP လူနာတစ်ဦးကို အထူးလေယာဉ်နဲ့ အင်္ဂလန်နိုင်ငံ ပို့တယ်ဆိုတဲ့ သတင်းအမှား

ပြီးခဲ့တဲ့ရက်တွေက လူမှူကွန်ရက်မှာပျံ့နှံ့သွားခဲ့တဲ့ VIP လူနာတစ်ဦးကို အထူးလေယာဉ်နဲ့ အင်္ဂလန်နိုင်ငံကို ပို့တယ်ဆိုတာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 23 April 2020 12:03 PM GMT

ဒီသတင်းအမှားကို သူဇာခိုင်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့် ပိုင်ရှင်က ဧပြီလ ၂၁ ရက်နေ့ နေ့ခင်းပိုင်း ၃ နာရီ ၄ မိနစ်အချိန်မှာ ရေးတင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းအရာထဲမှာ လေယာဉ်တစ်စီးနဲ့ အပြာရောင် ဝတ်စုံဝတ်ဆင်ထားတဲ့လူတွေရဲ့ပုံရိပ်တွေပါဝင်ပြီး သူမရဲ့ပို့စ်မှာ

"VIP လူနာတစ်ဦး UK ကို အထူးလူနာတင် လေယာဉ်နဲ့ ပို့တယ်။ ဘယ်သူလဲ မသိဘူး။ ဘယ်သူများ ဖြစ်နေမလဲ ယနေ့နံနက် ၅ နာရီ ၃၀ အချိန်ခန့်က အမှတ်အသားမပါဝင်သည့် လေယာဉ် တစင်း မင်္ဂလာဒုံလေယာဉ်ကွင်းမှ usသို့ ထွက်ခွါသွားခဲ့ရာ မည်သည့်လူနာဖြစ်သည် ကိုပြည်သူများသိရအောင်သတင်းထုတ်ပြန် ပေးစေလိုပါသည်။ အကြောင်းအရင်းမှာ သိချင်၍ဖြစ်ပါသည်။ ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား။ ပြောပြပေးပါ ကွီးဇော်ဌေး။ သိချင်သော ပြည်သူများနှင်အတူ မသုဓမစာရီ" လို့ ရေးသားထားပါတယ်။

ဒီသတင်းအမှားကို ထပ်ဆင့်ဝေမျှသူ ၅ဝဝ နီးပါး ရှိနေပါတယ်။

သူဇာခိုင် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီသတင်းအမှားကို ရေးတင်ပြီး နောက်ထပ် ၉ မိနစ်ခန့်အကြာ ဧပြီလ ၂၁ ရက် ၃ နာရီ ၁၃ မိနစ်မှာ Nay Min ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီ ဓါတ်ပုံ အဟောင်းတွေကို အသုံးပြုပြီး "VIP လူနာတစ်ဦး UK ကို အထူးလူနာတင်လေယာဉ်နဲ့ ပို့တယ်။ ဘယ်သူလဲ မသိဘူး" လို့ ရေးတင်ပြီး သတင်းအမှား ဖြန့်ခဲ့ပါတယ်။ ဒီအကြောင်းအရာကို ထပ်ဆင့် ဝေမျှသူ ၅၀ နီးပါး ရှိနေပါတယ်။


အဆိုပါ Nay Min အကောင့်ပိုင်ရှင်ဟာ ဧပြီလ ၂၁ ရက်နေ့ ၃ နာရီ ၄၅ မိနစ်အချိန်မှာ ဒီဓါတ်ပုံ အဟောင်းတွေကို အသုံးပြုပြီး "UK သို့ အရေးပေါ်လူနာအဖြစ် ပို့လိုက်ရတဲ့သူဟာ............. Zoom စွဲကြည့် ... အမျိုးသမီးလား? အမျိုးသားလား?" လို့ ဆိုပြီးရေးသားထားတဲ့ နောက်ထပ် သတင်းအမှား တစ်ခု ထပ်တင်ထားပါတယ်။ ဒီသတင်း အမှားကို ထပ်ဆင့်ဝေမျှသူဟာ ၅၀ နီးပါး ရှိခဲ့ပါတယ်။


အလားတူ ဧပြီ ၂၂ ရက်နေ့ ၁၁ နာရီ ၂၈ မိနစ်မှာ သူဇာခိုင် ဖေ့စ်ဘွတ်အကောင့်ကနေ ဒီဓါတ်ပုံတွေ သုံးပြီး နောက်ထပ် သတင်းအမှား တစ်ခု ထပ်တင်ခဲ့ပါသေးတယ်။ 


သတင်းဆန်းစစ်ချက်

၂၀၁၄ ခုနှစ်က သတင်းဓါတ်ပုံအဟောင်းတွေကို အသုံးပြုပြီး မြန်မာနိုင်ငံကနေ UK ကို အထူးလူနာတင်လေယာဉ်နဲ့ ပို့ဆောင်လိုက်တယ်ဆိုတဲ့ ဖေ့စ်ဘွတ်ပိုစ့်တွေကို သတင်းအမှားဖြစ်ကြောင်း Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။ တကယ်တော့ အထပ်ပါပို့စ်တွေမှာ ဝေမျှခဲ့တဲ့ ဓါတ်ပုံတွေဟာ မြန်မာနိုင်ငံကပုံတွေမဟုတ်သလို ဒီကရိုက်ထားတဲ့ပုံတွေလည်းမဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ် အီဘိုလာ ဖြစ်ပွားစဉ် ကာလ က ဓါတ်ပုံ တွေကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။

ဒီဓါတ်ပုံထဲမှာ ပါတဲ့ လေယာဉ်တွေဟာ ၂၀၁၄ ခုနှစ် သြဂုတ်လ ၂ ရက်နေ့က အာဖရိက မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့က အမေရိကန်နိုင်ငံသား ၂ ဦးဟာ အီဘိုလာရောဂါ ကူးစက်ခံထားရတဲ့အတွက် အမေရိကန်နိုင်ငံကို ပြန်လည်သယ်ယူခဲ့စဉ်က ဓါတ်ပုံတွေပဲ ဖြစ်ပါတယ်။ ဒီ ဓါတ်ပုံထဲမှာပါတဲ့ လေယာဉ်ဟာ တချိန်က ဒိန်းမတ်နိုင်ငံက တော်ဝင်လေတပ်မှာ အသုံးပြုခဲ့ဖူးတဲ့ သက်တမ်း ၃၈ နှစ်ရှိပြီဖြစ်တဲ့ N173PA ဂျက်လေယာဉ် အမျိုးအစားပဲ ဖြစ်ပါတယ်။

သူဇာခိုင် ဖေ့စ်ဘွတ် အကောင့်နဲ့ Nay Min ဖေ့စ်ဘွတ် အကောင့်တို့ဟာ ဒီ ဂျက်လေယာဉ်ပုံတွေကို အသုံးပြုပြီး သတင်းအမှား ဖြန့်ခဲ့ကြတာပဲ ဖြစ်ပါတယ်။


Related Stories