HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

တန်ချိန်ငါးသိန်းရှိတဲ့ကျောက်စိမ်းတုံး မိုးကောင်းမှာတွေ့တယ်ဆိုတဲ့ သတင်းအမှား

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ တန်ချိန် ငါးသိန်းခန့်ရှိတဲ့ ကျောက်စိမ်းတုံးကြီး တွေ့ရှိတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတာတွေဟာ သတင်းမှားသာဖြစ်ပါတယ်။

By - Boom Live Myanmar | 18 Jan 2021 9:52 AM GMT

ဒီသတင်းကို လူမှုမီဒီယာတွေပေါ်မှာ ဇန်နဝါရီလ ၁၂ ရက်နေ့က စတင်ပြီး အမျိုးမျိုး ပြောဆို ဖြန့်ဝေနေတာဖြစ်ပြီး အချိန် ၄ မိနစ်ကျော် ကြာမြင့်တဲ့ ဗွီဒီယိုဖိုင်မှာ ကျောက်တုံးကြီးတစ်တုံးကို ရိုက်ကူးကာ ကချင်ပြည်နယ်မှာ မိုးကောင်းမှာ တွေ့ရှိတဲ့ ကျောက်စိမ်းတုံးကြီးဖြစ်ကြောင်း၊ တန်ချိန် ငါးသိန်းနီးပါး ရှိကြောင်း တွေပြောဆိုဖြန့်ဝေနေတာဖြစ်ပါတယ်။

ဒီသတင်းကို ပြန်လည်ဖြန့်ဝေသူ အများအပြားရှိခဲ့ပြီး ဒီနေရာ နဲ့ ဒီနေရာ တွေမှာလည်း ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီကျောက်စိမ်းတုံးဆိုတာနဲ့ ပါတ်သတ်ပြီး အွန်လိုင်းပေါ်မှာ သတင်းတွေထွက်နေတာကြောင့် မိုးကောင်းမြို့အခြေစိုက် ခရီးစဉ်ဒေသသစ် ဖော်ဆောင်ရေးအဖွဲ့ We Love Mogaung က ကျောက်တုံးကြီး ရှိနေတဲ့ နေရာကို ဇန်နဝါရီ ၅ ရက်နေ့က သွားရောက်ကြည့်ရှု့ခဲ့ရာမှာ အဆိုပါကျောက်တုံးမှာ ကျောက်စိမ်းမျိုးနွယ်ဝင် မဟုတ်ဘဲ ယခင်ကတည်းက ရှိခဲ့တဲ့ သာမန်ကျောက်တုံး တစ်တုံးသာဖြစ်ကြောင်း ဒေသခံတွေက ပြောခဲ့တယ်လို့ ဆိုပါတယ်။


ဒီသတင်းကို MRTV သတင်းရဲ့ တရားဝင်ဖေစ့်ဘွတ်စာမျက်နှာမှာ ဇန်နဝါရီလ ၁၇ ရက်နေ့က ဖော်ပြထားပြီး ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

MRTV သတင်းမှာ ဖော်ပြထားချက်အရ အဆိုပါ ကျောက်တုံးကြီးတည်ရှိရာနေရာမှာ မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာရဲ့ အနောက်တောင်ဘက် (၈) မိုင်ခန့်အကွာ မီးတောင်(ဒေသအခေါ်)ပေါ်မှာ တည်ရှိနေတာဖြစ်ပြီး ကျောက်စိမ်းမျိုးနွယ်ဝင် မဟုတ်ဘဲ ကျောက်မဏ္ဍာပ်လို့ ခေါ်တဲ့ ကျောက်အမျိုးအစားသာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ကျောက်တုံးကြီးရှိနေတဲ့ နေရာဟာ မီးတောင်ဒေသဖြစ်ပြီး တောင်ရဲ့နေရာ အနှံ့အပြားမှာ ဓါတ်ငွေ့ယိုစိမ့်ထွက်နေပြီး မီးတောက်လောက်မှုရှိကြောင်း ရေးသားဖော်ပြထားပါတယ်။



Related Stories