HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဦးကျော်မိုးထွန်းနဲ့ NUCC တို့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု အတွက် အဆိုပြုခံရတယ်ဆိုတဲ့ သတင်းအမှား

သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု အတွက် စာရင်းသွင်း အဆိုပြုခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 11 Dec 2025 8:55 PM IST

ဒီအကြောင်းအရာကို 'NLD ချစ်သူများ' ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ပြန်လည်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။

ဖြန့်ဝေရာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပုံကို အသုံးပြုကာ 'ဦးကျာ်မိုးထွန်းနဲ့ NUCC ကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် နံပါတ် ၄ နေရာကစာရင်းသွင်းအဆိုပြုခြင်းခံရသတဲ့ ဂုဏ်ယူပါတယ် ထိုက်လည်းထိုက်တန်ပါတယ်' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဦးကျော်မိုးထွန်းနဲ့ NUCC တို့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု အတွက် အဆိုပြုခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် လက်ခံရရှိတဲ့ အဆိုပြုလွှာတွေ၊ ဆုချီးမြှင့်မှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ သဘောထားအမြင်တွေကို နှစ် ၅၀ ပြည့်ပြီးမှသာ ထုတ်ဖော်ခွင့်ရှိပြီး ဒါတွေဟာ လျှို့ဝှက်ထိန်းသိမ်းထားတာ ဖြစ်တယ်လို့ Nobel Committee မှာ တရားဝင် အသိပေး ရေးသားထားပါတယ်။


နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းသူတွေနဲ့ ဆန်ခါတင်စာရင်းဝင်တွေရဲ့ အမည်တွေကို နှစ် ၅၀ ပြည့်ပြီးမှသာ ထုတ်ဖော်ခွင့်ရှိကြောင်း၊ လျှို့ဝှက်ထိန်းသိမ်းမှု (Confidentiality) ဖြစ်ကြောင်း၊ နိုဘယ်လ်ကော်မတီ ကိုယ်တိုင် ဆန်ခါတင်စာရင်းဝင်တွေရဲ့ အမည်တွေကို မီဒီယာတွေကို ဖြစ်စေ၊ ကိုယ်စားလှယ်လောင်းတွေ ဆီကိုဖြစ်စေ ထုတ်ဖော်ကြေညာခြင်း မပြုကြောင်း၊ အချို့ကိစ္စတွေမှာ ကိုယ်စားလှယ်လောင်းတွေရဲ့ နာမည်တွေ မီဒီယာတွေပေါ်မှာ ထွက်ပေါ်လာတတ်ပေမယ့် ဒါတွေဟာ ကြိုတင်မှန်းဆချက်တွေသာ ဖြစ်ကြောင်း၊ ဒါမှမဟုတ် အဆိုပြုလွှာ တင်သွင်းသူတွေက ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေလည်း ဖြစ်နိုင်ကြောင်း ရေးသားဖော်ပြထားပါတယ်။

နိုဘယ်လ်ကော်မတီ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်ကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒါ့အပြင် ဦးကျော်မိုးထွန်းနဲ့ NUCC တို့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု အတွက် အဆိုပြုခံရတယ်ဆိုတဲ့ အကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ မည်သည့် သတင်းဌာနတွေမှာမှာ သတင်းဖော်ပြထားတာလည်း မရှိပါဘူး။

အခုနှစ် ၂၀၂၅ ခုနှစ်ရဲ့ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုကိုတော့ ဗင်နီဇွဲလားနိုင်ငံရဲ့ အတိုက်အခံ ခေါင်းဆောင် အမျိုးသမီးဖြစ်သူ မာရီယာ ကိုရီနာ မာချာဒိုက ကရရှိသွားခဲ့တာ ဖြစ်ပြီး နော်ဝေးနိုင်ငံရဲ့ နိုဘယ်လ်ဆု ရွေးချယ်ရေး အဖွဲ့က အောက်တိုဘာ ၁၀ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

Tags:

Related Stories