HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရွေးကောက်ပွဲ ဖျက်သိမ်းကြောင်း အာဆီယံကြေညာတယ်ဆိုတဲ့ သတင်းအမှား

စစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲ ဖျက်သိမ်းကြောင်း အာဆီယံနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ပူးတွဲကြေညာတယ်ဆိုပြီး ရေးသားဖြန့်ဝေတဲ့အကြောင်းအရာတစ်ခု ပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar | 29 Oct 2025 8:33 AM IST

ဒီအကြောင်းအရာကို The Daily Lens ဆိုတဲ့ Youtube ချန်နယ်မှာ အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ခွေး ဇတ်သိမ်းပြီ! တရားဝင် ဖျက်သိမ်းပြီ လွှတ်ပြီ။ မြန်မာ စစ်တပ် ရဲ့ ရွေးကောက်ပွဲ ကို ဖျက်သိမ်းကြောင်း အာဆီယံ နဲ့ ဒေါ်နယ်ထရမ့် ပူးတွဲပြီး အပြတ် ကြေငြာ' လို့ ရေးသား ထားပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲ ဖျက်သိမ်းကြောင်း အာဆီယံ ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ လူစိတ်ဝင်စားဖို့လုပ်ကြံရေးသားထားတဲ့ ခေါင်းစဉ်နဲ့အတူ၊ ဖေစ့်ဘွတ်ပေါ်က ပိုစ့်တွေကို ကူးယူပြီး နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တစ်စုံတရာ ပြောဆိုထားတာ မရှိတဲ့အပြင် အာဆီယံအနေနဲ့လည်း ဖျက်သိမ်းကြောင်း ကြေညာတာ မရှိပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories