HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်မှုထမ်းအမိန့်ကို ဆန့်ကျင်ကြောင်း ကြံ့ဖွံ့ပါတီဝင်တွေ လှုပ်ရှားမှုပြုလုပ်ထယ်ဆိုတဲ့ သတင်းအမှား

စစ်မှုထမ်းအမိန့်ကို ဆန့်ကျင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တွေကပါ လက်မှတ်ထိုး ဆန့်ကျင်လှုပ်ရှားမှုတွေ လုပ်နေတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 31 March 2024 6:31 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MY TV Myanmar ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ် ၂၇ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၁ မိနစ် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စစ်မှုထမ်းအမိန့်ကို ကြံ့ဖွတ်ပါတီဝင်များပါ ဆန့်ကျင်လက်မှတ်ထိုး လှုတ်ရှားမှုပြုလုပ်။ ဗိုလ်ချုပ်သားများနဲ့ စစ်ရုံးစာရေးမများ မူးယစ်ဆေးဝါးအပါအဝင် ပျော်ပါးမှုများပေါ်ထွက်လာ' လို့ ရေးသား ထားတာပါ။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

စစ်မှုထမ်းအမိန့်ကို ဆန့်ကျင်ကြောင်း ကြံ့ဖွံ့ပါတီဝင်တွေ လှုပ်ရှားမှုပြုလုပ်ထယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတာသာ ဖြစ်ပါတယ်။

ဒီဗီဒီယိုဖိုင်ထဲမှာ စစ်မှုထမ်းအမိန့်ကို ဆန့်ကျင်ကြောင်း ကြံ့ဖွံ့ပါတီဝင်တွေ လှုပ်ရှားတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လျင်လျင်မြန်မြန် အကောင်အထည်ဖော်နေတာ တွေ့ရပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အကျုံးဝင်တဲ့လူငယ်တွေကို စာရင်းကောက်ယူတာ၊ မဲနှိုက်ရွေးချယ်တာတွေ လုပ်နေပါတယ်။ တဖက်မှာလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ပြည်သူ့စစ်မှုထမ်းဥပဒေအတွက် ဆောင်ရွက်နေသူတွေကို အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့မှာ ရေးဆွဲခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့အတွက် အသက် ၁၈ နှစ်ကနေ အသက် ၃၅ အတွင်း အမျိုးသားတိုင်းနဲ့ အသက် ၁၈ နှစ်ကနေ အသက်၂၇ နှစ်အတွင်း အမျိုးသမီးတိုင်း စစ်မှုထမ်းရမယ်ဆိုပြီး ဖြစ်လာပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories