HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

သမ္မတကြီး ဦးဝင်းမြင့် ပြန်လွတ်လာတော့မယ်ဆိုတဲ့ သတင်းအမှား

သမ္မတကြီး ဦးဝင်းမြင့် ပြန်လွတ်လာတော့မယ် မိသားစုနဲ့တွေ့ခွင့်ရပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 26 Jun 2023 11:50 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Sotan Vichekal ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇွန်လ ၁၇ ရက် ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ 'သမ္မတကြီး ဦးဝင်းမြင့် ပြန်လွတ်လာတော့မယ် မိသားစုနဲ့ တွေ့ခွင့် ရပြီဟေ့' လို့ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗွီဒီယိုဟာ သံလွင်ခက် သတင်းဌာနမှာ ဇွန်လ ၁၆ ရက်နေ့က ဖော်ပြထားတဲ့ 'နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဆေးကုသခွင့် တောင်းခံထား' ဆိုတဲ့ သတင်းအပြင် အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ ‘သမ္မတကြီး ဦးဝင်းမြင့် ပြန်လွတ်လာတော့မယ် မိသားစုနဲ့တွေ့ခွင့်ရပြီ’ ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

သံလွင်ခက်က ဖော်ပြထားတဲ့ သတင်းထဲမှာ တောင်ငူအကျဉ်းထောင်မှာ ထိန်းသိမ်းခံနေရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အတွက် ဆေးကုသခွင့်ကို မိသားစုဝင်တွေက တောင်းခံထားကြောင်း၊ မေလမတိုင်မီက စတင်တောင်းဆိုထားတာဖြစ်ပြီး ဇွန်လ ပထမအပတ်မှာ ဒုတိယအကြိမ် တောင်းဆိုထားကြောင်း၊ တောင်းဆိုထားတဲ့ အခြေအနေနဲ့ ကျန်းမာရေးအခြေအနေကိုတော့ အသေးစိတ် ထုတ်ဖော် ပြောဆိုထားတာ မရှိဘူး လို့ ရေးသားဖော်ပြထားပါတယ်။

သံလွင်ခက်သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့တွေ ဖြစ်တာကို တွေ့ရပါတယ်။

Related Stories