HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

တိုင်းပြည်ရဲ့ ၉၈ ရာခိုင်နှုန်း NUG ထိန်းချုပ်လိုက်တယ်ဆိုတဲ့ သတင်းအမှား

တိုင်းပြည်ရဲ့ ၉၈ ရာခိုင်နှုန်းကို NUG အစိုးရက ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်းနဲ့ စစ်ကောင်စီအနေနဲ့ ၂ ရာ်ခိုင်နှုန်းသာ ထိန်းချုပ်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့သတင်းအမှားတွေ ဒီရက်ပိုင်းထဲဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

By - Boom Live Myanmar | 8 May 2023 5:16 PM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ HD videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မေလ ၅ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၁ မိန်စ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘တိုင်းပြည်၏ ၉၈% NUG ထိန်းချုပ်လိုက်ပြီ။ စင်ပေါ်က ခွေး ပစ်ချပြီ။ တနိုင်ငံလုံး မြို့နယ်၏ ၈၀% NUG သိန်းပြီ။ ၂ ရာခိုင်နှုန်းသာ မအလထိန်းချုပ်။ ပွဲသိမ်းပြီ’ ဆိုတဲ့ စာသားတွေကို ဗီဒီယိုခေါင်းစဉ်တွေအဖြစ်တဲ့ ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

အခုဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ ဧရာဝတီတိုင်းမ်သတင်းဌာနမှာ မေလ ၅ ရက်နေ့က ဖော်ပြထားတဲ့ ‘တိုင်းပြည်ကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့ မြန်မာစစ်တပ်’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။

မူရင်းသတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒီဗွီဒီယိုဖိုင်ထဲမှာ ‘တိုင်းပြည်၏ ၉၈% NUG ထိန်းချုပ်လိုက်ပြီ’ ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာန အဖွဲ့အစည်းတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။ သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့တွေဖြစ်တာကို တွေ့ရပါတယ်။

Related Stories