HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နေပြည်တော်ကို အလုံးအရင်းနဲ့ ဝင်တိုက်တော့မယ်ဆိုတဲ့ သတင်းအမှား

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ဖေစ့်ဘွတ် live ဗီဒီယိုတစ်ခုကို အသုံးပြုပြီး ဇန်နဝါရီ ၂၅ ရက်နေ့မှာနေပြည်တော်ကို အလုံးအရင်းနဲ့ ဝင်တိုက်တော့မယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 26 Jan 2024 12:19 PM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Cassandra Raymond ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၂၂ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၆ မိနစ်ကျော်ရှိတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ပုံပါဝင်တဲ့ ဗီဒီယိုဖိုင်တစ်ခုကို အသုံးပြုကာ ‘နေပြည်တော်ကို ဇန်နဝါရီ(25)ရက်နေ့ အလုံးအရင်းဝင်တော့မယ်တဲ့ဗျ’ ရေးသားဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

နေပြည်တော်ကို အလုံးအရင်း ဝင်တိုက်တော့မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ဖေစ့်ဘွတ် live ဗီဒီယိုတစ်ခုကို ပြန်လည်ကူးယူပြီး သူပြောထားသယောင် ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ live ဗီဒီယိုထဲက ပြောဆိုမှုထဲမှာလည်း နေပြည်တော်ကို အလုံးအရင်း ဝင်တိုက်တော့မယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

သူ့ရဲ့ live ထဲမှာ စစ်တပ်ကို အာဏာဖီဆန်သွားတဲ့ စစ်တပ်အရာရှိတွေအကြောင်းကို ပြောဆိုထားတာသာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။

Related Stories