HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နေပြည်တော်ကို သိမ်းပြီဆိုတဲ့ သတင်းအတု

လက်ရှိမြောက်ပိုင်းမဟာမိတ်တွေဖော်ဆောင်နေတဲ့ တိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီး သတင်းတု သတင်းအမှားတွေ ရောနှောပျံ့နှံ့လာတဲ့အထဲ နေပြည်တော်ကို သိမ်းပိုက်နိုင်ပြီဆိုတဲ့ အထိလုပ်ကြံရေးသားဖြန့်ဝေနေတဲ့ သတင်းတုတွေ ဒီရက်ထဲထပ်မံပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar | 31 Oct 2023 11:57 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ KMM talk ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာဖြန့်ဝေထားတာဖြစ်ပြီး ဒီသတင်းကိုတော့ ကျော်မျိုးမင်းပြောဆိုထားတဲ့ ပုံစံမျိုးနဲ့ ဖြန့်ဝေထားပါတယ်။ ဒီအကြောင်းအရာကို အောက်တိုဘာလ ၂၆ ရက် နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၉ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ 'အခု နေပြည်တော်သိမ်းပိုက်လိုက်ပြီ ကျော်မျိုးမင်း’ လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဟာ ဖေစ့်ဘွတ်ပေါ်မှာ live လွှင့်ပြီး နိုင်ငံရေးကိစ္စတွေ ပြောလေ့ရှိသူ စစ်တပ်လော်ဘီ ကျော်မျိုးမင်းဆိုသူရဲ့ live လွှင့်ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်ကို ကူးယူဖြန့်ဝေထားတာဖြစ်ပါတယ်။ဒီ live ဗီဒီယိုထဲမှာလည်း နေပြည်တော်သိမ်းပိုက်လိုက်ပြီ ဆိုတဲ့ အကြောင်းအရာ ပါဝင်တာ မရှိပါဘူး။

ဗီဒီယိုထဲမှာ စစ်ဆင်ရေးအမှတ် ၁၀၂၇ မတိုင်မီ ကချင်ဒေသနဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသက စစ်ရေးအခြေအနေတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ လူမှုမီဒီယာပေါ်က အကြောင်းအရာတွေကို စစ်တပ်ဘက်က ထောက်ခံပြောဆို ထားတာတွေသာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories