HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကျောင်းတက်နေတဲ့ ကလေးအများအပြား ဗုံးကျဲလို့ သေဆုံးဆိုတဲ့ သတင်းအမှား

ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့ PDF တွေ ဖွင့်ပေးထားတဲ့ ကျောင်းမှာ တက်နေတဲ့ ကလေးတွေ ဗုံးကျဲခံရပြီး အများအပြား သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 27 Feb 2024 10:35 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MyaWaddy News ဆိုတဲ့ Youtube ချန်နယ် တစ်ခုမှာ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'PDF ဖွင့်ပေးထားတဲ့ ကျောင်းမှာ တက်နေတဲ့ ကလေးများ ဗုံးကျဲခံရပြီး အများအပြားသေဆုံး' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ၂၄ နာရီ မပြည့်မီ ဝင်ရောက်ကြည့်ရှု့သူ သုံးသောင်းကျော် ရှိနေပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

PDF တွေ ဖွင့်ပေးထားတဲ့ ကျောင်းမှာ တက်နေတဲ့ ကလေးတွေ ဗုံးကျဲခံရပြီး အများအပြား သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ မြေလတ်အသံ - Myaelatt Athan သတင်းဌာနမှာ ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ ညပိုင်းမှာ ဖော်ပြထားတဲ့ 'စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ကလေးတဦးသေဆုံး' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

ဒီသတင်းထဲမှာ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ စားကျက်ကျေးရွာကနေ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရွာတော်ကျေးရွာက အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတဦးသေဆုံးပြီး မိခင်နဲ့ အဘွားဖြစ်သူတို့ ဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့ အကြောင်း ရေးသားထားတာပါ။

သတင်းထဲမှာ PDF တွေ ဖွင့်ပေးထားတဲ့ ကျောင်းမှာ တက်နေတဲ့ ကလေးတွေ ဗုံးကျဲခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။


မြေလတ်အသံ - Myaelatt Athan သတင်းဌာနမှာ ဖော်ပြထားတဲ့ မူရင်းသတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသား ထားတဲ့ သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories