HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

KIO အစည်းအဝေးမှာ ပစ်ခတ်မှုဖြစ်ပြီး ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ သတင်းအမှား

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ အစည်းအဝေးမှာ ပစ်ခတ်မှုဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 29 Nov 2023 10:56 AM GMT

ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်အကောင့်နဲ့ ပေချ့်တွေမှာ နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ‘သတင်းထူးက KIOရဲ့အစည်းဝေးမှာ kio ဗဟိုကော်မတီဝင်အချို့နဲ့ kio တပ်မဟာ၉ ဗျူဟာမှူး တို့အချေအတင် ဖြစ်ရာက ပစ်ခတ်မှုဖြစ်တယ်။ ဂွမ်မော်လည်းထိခိုတ်မှု့အနည်းငယ်ရှိတယ်’ လို့ ရေးသား ထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

KIOရဲ့အစည်းဝေးမှာ အချင်းချင်း ပစ်ခတ်တယ်ဆိုတဲ့ အကြောင်းအရာမျိုးကို ကချင်အခြေစိုက် သတင်းဌာနတွေ၊ KIO/KIA ရဲ့ သတင်းထုတ်ပြန်ရေးတွေနဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာ မရှိပါဘူး။

ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေကြားမှာ ဝါဒဖြန့်ရုံသက်သက် ဖြန့်ဝေနေတာဖြစ်ပြီး စစ်တပ်ရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့အစည်းတွေမှာလည်း ထုတ်ပြန်ထားတာ မရှိပါဘူး။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ နိုင်ငံအနှံ့အပြားမှာ စစ်ရေးရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်တဲ့အတွက် စစ်တပ်ထောက်ခံသူတွေဟာ လုပ်ကြံသတင်းတွေ ဖြန့်ဝေပြီး ဝါဒဖြန့်တာတွေ များပြားလာတာ တွေ့ရပါတယ်။

Related Stories